နတ်တလင်းမြို့၏ ပညာဘဏ်တိုက်



နတ်တလင်းမြို့၏ ပညာဘဏ်တိုက် (၁)
===========================
နတ်တလင်းမြို့စတင်တည်ထောင်ကာစ ၁၉၁၅ ခုနှစ်တွင် မြို့ပေါ်၌ ဗုဒ္ဓ ဘာသာ အင်္ဂလိပ် မြန်မာ အလယ်တန်း ကျောင်း တစ်ကျောင်း ကိုယ်ထူ ကိုယ်ထ စတင် ဖွင့် လှစ်သည်။ ယခု မြို့မ အထက်တန်း ကျောင်း၏ အလယ် သစ်သား ကျောင်း ဆောင် ဖြစ်ပါ သည်။ အစိုးရ အသိအမှတ် မပြု သေး သဖြင့် မြို့ပေါ် မှ ပညာ တတ် လူငယ်များ အခ ကြေးငွေ မယူပဲ စေတနာ့ ဝန်ထမ်း ကူညီ သင်ကြား ကြသည်။ ၎င်း စေ တနာ ဆရာ များမှာ ဆရာဖြိုး (ပ ညာ အလင်း ပြ)၊ ဦးတင်၊ ဦးဘမော် (ယခု NLD အမတ် ဦးခင်အေး ၏ အဖိုး)၊ ဦးစော ဟုတ် ချောင် (မြို့ မ ကျောင်း၏ ပထမ ဆုံး ကျောင်း အုပ်) စသူတို့ ဖြစ်ကြသည်။
ဆရာဦးစောဟုတ်ချောင်၏အိမ်(ယ ခု ခိုင်သီတာ လက်ဖက် ရည်ဆိုင်) တွင် ၎င်းတို့သည် စာအုပ်များ ဝယ်ယူ စုစောင်း ၍ စာဖတ်ခန်း တစ်ခု လည်း ဖွင့် လှစ် ထား ကြ၏။ စာဖတ်သူ များ များပြား လာသော အခါ ၎င်း လူငယ် ၄ ယောက် ကပင် ဦးဆောင်၍ "ဗုဒ္ဓ ဘာသာ ယုဝ သမဂ္ဂ စာဖတ် အသင်း" ဟု ဖွဲ့စည်း တည်ထောင် သည်။ အသင်း ဝင်ကြေး တစ်မတ် ဖြစ်၍ လစဉ် ကြေး ၅ မူး ဖြစ်သည်။

၁၉၂၂ တွင် နတ်တလင်းမြို့နယ် မြူနီ စီပါယ် အဖွဲ့ကို ဖွဲ့စည်း ခဲ့သည်။ ဗုဒ္ဓ ဘာသာ ယုဝ သမဂ္ဂ စာဖတ် အသင်း ဦးဆောင်သူ လူငယ် များလည်း လူကြီး ပိုင်း သို့ ရောက် လာ ကြကာ မိမိတို့၏ စီးပွားရေး ကြီးပွား ရေးက တဖက် ဖြစ်လာ ကြသည် မို့ စာကြည့် တိုက် အလုပ်ကို စွဲစွဲ မြဲမြဲ အာရုံ မစိုက် နိုင် တော့ သဖြင့် စနစ် တကျ တိုးတက် အောင် ထိန်း သိမ်းနိုင် မည့် မြူနီ စီပါယ် အဖွဲ့သို့ စာကြည့် တိုက် အလုပ် ကို ထိုးအပ် ခဲ့လေသည်။
မြူနီစီပါယ်အဖွဲ့က ယခု လက်ရှိ မြေနေရာ တွင် သွပ်မိုး ပျဉ်ကာ တစ်ထပ် အဆောက် အဦး တစ်ခုကို ၁၉၂၅ ခုနှစ်တွင် ဆောက် လုပ်ကာ (ပုံ တင်ပြ ထားပါ သည်) လခစား စာကြည့် တိုက်မှူး တစ်ဦး လည်း ခန့် ထား ပေးခဲ့၏။ ဂျပန်ခေတ် ၁၉၄၂ မှ ၁၉၄၅ တွင် အာရှ လူငယ် အစည်း အရုံးက စာကြည့် တိုက်ကို ဆက်လက် ထိန်း သိမ်း သည်။ စစ်ကြီး အပြီး အာရှ လူငယ် အစည်း အရုံး ကို မြန်မာ နိုင်ငံလုံး ဆိုင်ရာ လူငယ် အစည်း အရုံး အဖြစ် ပြောင်းလဲ ဖွဲ့စည်း သော အခါ တွင်လည်း ထို အဖွဲ့ အစည်း ကပင် စာကြည့် တိုက်ကို ဆက် လက် စောင့် ရှောက် ခဲ့၏။
၁၉၄၈ မြန်မာနိုင်ငံ လွတ်လပ်ရေး ရ အပြီး ၁၉၄၉ ခုနှစ် နတ်တလင်း မြို့ ရောင်စုံ သူပုန် လက်ထဲ ကျရောက် ချိန် တွင် ထိုစာ ကြည့် တိုက်ကြီး အ တွင်း ရှိ အဖိုးတန် စာအုပ် အားလုံး ပျက်စီး ပျောက်ဆုံး ခဲ့ရတော့ သည်။ တိုင်း ပြည် ပြန်လည် အေးချမ်း လာသည့် ၁၉၅၄ ခုနှစ် ရောက်မှ သာ မြို့ပေါ် ရှိ လူငယ် လူကြီးများ ဖြင့် စာကြည့်တိုက် ကို ပြန် လည် ထူထောင် ခဲ့ရ သည်။ ဤ သည်တွင် သဟာ ယ စာကြည့် တိုက် ဟူ၍ စတင် ပေါ် ပေါက် လာ ခဲ့ သည်။
၎င်းသဟာယ စာကြည့်တိုက်၏ အမှုဆောင် အဖွဲ့မှာ
နာယကလူကြီးများ
----------------
၁၊ ၊ ဦးထွန်းရှိန် (စာရေးဆရာ မိုးဟိန်း)
၂၊ ၊ ဦးစုခင် (ယခု ကိုချာတိတ်၊ ကိုဝဏ္ဏတို့ အိမ်)
၃၊ ၊ ဦးကျင် (ယခု မြင့်ရာဇာ ဆေးဆိုင် နေရာတွင် နေထိုင်သည်။ ကိုပေါက်စ ၏ ဖခင် ဖြစ်သည်။ )
၎၊ ၊ ဦးလှမောင် (ဈေးလမ်း၊ ဆရာကြီး ဦးခင် သော်၏ ဖခင်)
စသူတို့ ဖြစ်သည်။
အမှုဆောင်များ
-------------
၁၊ ၊ ဦးတင်မောင် (ဥက္ကဌ)
ဘူးစိမ်းကြီးကိုပေါက်၊ ကိုမျိုးလေး၊ မယု စသူတို့၏ ဖခင်
၂၊ ၊ ဦးကျော်ဝ ( အတွင်းရေးမှူး)
အပြင်သာဇီလမ်း ဆရာမ ဒေါ်မူမူဟန် ၏ ဖခင်
၃၊ ၊ ဦးသန်းလှိုင် (တွဲဖက် တွင်းမှူး)
ဆရာကြီးဦးထွန်းလင်း၊ အာရောဂျံ ဦးသန်း ထွေး တို့၏ အစ်ကို
၎၊ ၊ ဦးအောင်ဝင်း (ငွေထိန်း)
ယခု ခိုင်သီတာ ဆိုင်နေရာ တွင်နေသွားသည်။ စာရင်စစ် မှူး ဒေါ် သန်းသန်း ဝင်း၏ ဖခင်
၅၊ ၊ဦးအုန်းမြင့် ( အမှုဆောင်)
၆၊ ၊ ဦးကျော်ဝင်း (အမှုဆောင်)
စာရေးဆရာ နတ်တလင်းသက်ပြင်း
၇၊ ၊ ဦးတင်ဦး (အမှုဆောင်)
၎င်းပုဂ္ဂိုလ်ကြီးများသည် အဆောက်အဦ ကိုပြုပြင် စာအုပ် များကို ဝယ်ယူ စုစောင်း၍ စာကြည့် တိုက်ကြီး ပြန်လည် အသက်ဝင် အောင် ကြိုးစား ခဲ့ ကြသည်။ စာကြည့် တိုက် ကြီး ပြန်လည် ထွန်းကား လာချိန် ၁၉၆၂ တပ်မတော် မှ အာဏာ သိမ်း ပြီး ၁၉၆၄ တွင် တစ်ပါ တီ အာဏာရှင် စနစ် အရ ပုဂ္ဂလိ က အသင်း အဖွဲ့များ ဖျက်သိမ်း ခြင်း ခံကြရ ရာတွင် သဟာယ စာကြည့် တိုက် အမှုတောင် အဖွဲ့လည်း ပါဝင် သွားကာ နတ်တလင်း မြို့နယ် စည်ပင် သာယာ အဖွဲ့ လက်သို့ အပ်နှင်း လိုက်ရ ၏။
(ယောဆရာကြီး )

0 comments:

Post a Comment

Blogger templates

Popular Posts