နှစ်ပေါင်း တစ်ရာ့နှစ်ဆယ်ရှိ သကျမဟာမုနိပုံတူကြေးသွန်းရုပ်ပွားတော်ကြီး
================================================
နတ်တလင်းမြို့သည် ပဲခူးတိုင်း အနောက် ခြမ်းဘက်တွင်ပါရှိပြီး
သာယာဝတီခရိုင်အဆုံး၊ ပြည်ခရိုင်အစတွင် တည်ရှိ၏။ အရှေ့ဘက်တွင် ပဲခူးရိုးမ၊ အနောက်ဘက်တွင် ဧရာဝတီ မြစ်တို့ ရှိလေ၏။ ရန်ကုန်မြို့မှ ကား
လမ်း ၁၃၈ မိုင်၊ ရထားလမ်း ၁၂၄ မိုင် ကွာဝေး၏။ ရှေးမြန်မာ မင်းများ
လက်ထက်က အနောက်ဘက် ခုနစ် မိုင်ကွာရှိ တာပွန်မြို့သူကြီး လက်အောက်ခံ နယ်မြေအတွင်းရှိ ကျေးရွာအဆင့်ရှိသော သမန်းကုန်း၊ ဂျင်းယားကုန်း၊
ရွာမ၊ သာစည်၊ ဇီးကုန်းလေး စသည့်ရွာများသာ ရှိလေ၏။ ရွာမရပ်ကွက်
အနီးတွင် သခွတ်ပင်တစ်ပင်နှင့် နတ်စင်တစ်စင်ရှိ၏။ ထိုနတ်စင်ရှေ့တွင် သာယာဝတီမင်းနှင့် ပြည်မင်းတို့ ကြက် တိုက်လေ့ရှိ၏။ ထိုနေရာတွင်
လူသူမရှင်းဘဲ အမြဲပြောင်စင်နေသည့် တလင်းပြင်တစ်ခု ရှိနေ၏။
ထို့ကြောင့် နတ်တို့ ရှင်းလင်းပေးသည့် တလင်းဟု ပြောဆိုရာမှ နတ်တလင်း
ဖြစ်လာ သည်ဟု ပြောဆိုကြကုန်၏။ ၁၈၇၇ ခုနှစ် ရန်ကုန်- ပြည် ရထားလမ်း ဖောက်လုပ်သော အခါ နတ်တလင်းတွင် ဘူတာတစ်ခု ထား ပေး၏။
ကားလမ်း၊ ရထားလမ်းများကြောင့် နတ်တလင်းသည် တစ်စစစည်ကားလာ၏။ နတ်တလင်းသည် တစ်စစစည်ကားလာ သည်နှင့် တာပွန်သည် တဖြည်းဖြည်း မှေးမှိန် လာ၏။ ၁၉ဝ၆- ၁၉ဝ၇ ခုနှစ်များတွင် ရွာမ၊ သာစည်၊ အိုးမြေတွင်း၊
ဇီးကုန်းလေး တို့အား မြို့ကွက်ရိုက်၍ မြို့အဆင့်ဖြင့် အုပ်ချုပ်ရေးသစ်
စတင်ခဲ့၏။ ၁၉ဝ၈ ခုနှစ်မြို့ပိုင်ဦးကြည် လက်ထက်တွင် မြို့ပိုင်ရုံးအား
တာပွန်မှ နတ်တ လင်းမြို့ ပြောင်းရွှေ့ခဲ့ရာမှ မြို့နယ်အဆင့်သို့ တိုးမြှင့်
ခဲ့ကြောင်း မှတ်သားရပြန်၏။
နတ်တလင်းမြို့သစ်၊ လဲတော တိုက်သူ ကြီး ဦးရွှေပျော့သည်
မြို့သူမြို့သားများ အတွက် ကြေးသွန်းရုပ်ပွားတော်တစ်ဆူ သွန်းလုပ်
လှူဒါန်း၏။ မန္တလေးမဟာမုနိ ပုံတော်အတိုင်း ကြေးပိဿာချိန် ၄၁ဝဝ ဖြင့်သွန်း
လုပ်ခဲ့၏။ ဥာဏ်တော်ခုနစ်တောင် နှစ်မိုက်ရှိပြီး ၁၈၉၇ ခုနှစ် ဇွန် လ ၁၂ ရက်
တွင် ပြီးစီးသည်ဆိုပေ၏။ ဘုရားမတည်မီ တာပွန်တစ်ဝိုက်ရှိ တိုက်နယ်သူကြီးများ စုပေါင်းပြီး အင်းမအနီး ပြည်တောင်တန်း မှကျောက်၊ မြေများသယ်ကာ
ခြောက်တောင် မြင့်သောတောင်ကုန်းဦးစွာ လုပ်ဆောင်ခဲ့ ကြ၏။ နှစ်ပေါင်း ၁၂ဝ သက်တမ်းနီးပါးရှိပြီ ဖြစ်၏။ ဘုရားကြီးတွင် ဗုဒ္ဓစွယ်တော်ပွားလည်း
ပူဇော်ထား၏။ နှစ်စဉ် ဗုဒ္ဓပူဇနိယ ပွဲတော် အား တန်ဆောင်မုန်းလတွင်
လည်းကောင်း၊ ညောင်ရေသွန်း ပွဲအားကဆုန်လတွင် လည်း ကောင်း
စည်ကားသိုက်မြိုက်စွာ ကျင်းပ၏။ ၁၃၂၂ ခုနှစ် တန်ဆောင်မုန်းလ ဘုရား
ပွဲတော်တွင် မီးပုံးပျံ ဦးကျော်ရင်၏သား ဦးကျော်လင်း (လက် ထောက်စာ
တည်း၊ စာပေ ဗိမာန်) က မီးပုံးပျံစီး နင်းပြသပြီး ကောင်းကင် ကျွမ်းဘား
ကစားပြခဲ့၏။ ထိုအချိန် ရန်ကုန်- ပြည်မီးရထား ဝင်ရောက်လာရာ ထူးဆန်း သော မြင်ကွင်းကြောင့် မီးရထားပင် ရပ်ပေးခဲ့ ရ၏။ ထိုနေ့ကား ၁၃၂၂ ခုနှစ်
တန်ဆောင်မုန်း လပြည့်နေ့ (၁၉၆ဝ ခု နိုဝင်ဘာလ ၂ ရက်) ဖြစ်၏။
နောင်နှစ်တွင် သာယာဝတီ အရေး ပိုင်မင်း မစ္စတာမက်သရူးက
ဦးကျော်လင်း အား ရွှေတံဆိပ်ဆုချီးမြှင့်ပေးအပ်၏။
ယခုအခါ သကျမဟာမုနိဘုရားကြီး ဝင်းအတွင်း ကျိုက်ထီးရိုး ပုံတူ
စေတီငယ်၊ နာ လာဂီရိ ဆင်ချွတ်ခန်း ရုပ်ပွားတော်များ၊ ရှင်ဥပဂုတ္တမထေရ်နှင့် ရှင်သီဝလိရုပ်ပွား တော်များ၊ ဗောဓိညောင်ပင်၊ အခြား သာသနိ က
အဆောက်အအုံများဖြင့် စည်ကား လာပေ ၏။ နှစ်စဉ်ဘုရားပွဲတော်အချိန်တွင် နာမည် ကျော်ဇာတ်အဖွဲ့များ၊ စတိတ်ရှိုးများဖြင့်လည်း ကောင်း၊ အနယ်နယ်
အရပ်ရပ်မှ ၁၂ ရာသီဈေး သည်များဖြင့်လည်းကောင်း၊ စွယ်တော်လှည့်
သည့်နှစ်တွင်အလှပြယာဉ်များဖြင့်လည်းကောင်း အထူးပင်စည်ကား လှပေ၏။ ရန်ကုန်- ပြည် ကားလမ်းအတိုင်းလာပါက နတ်တလင်းမြို့ အဝင်တွင်ရှိသည့်
နှစ်ပေါင်း တစ်ရာနှစ်ဆယ်ရှိ ပြီဖြစ်သည့် သကျမဟာမုနိပုံတူကြေးသွန်းရုပ်
ပွား တော်ကြီး အားဝင်ရောက် ဖူးမြော်ကြပါရန်တိုက် တွန်းအပ်ပါသည်။
credit
နိုင်ထွန်း(TGI)

0 comments:
Post a Comment