မြန်မာနိုင်ငံတွင် ပထမဆုံး ရန်ကုန်-ပြည် မီးရထားလမ်းကို ၁၈၇၇ ခုနှစ် မေလ ၁
ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး မီးရထားလမ်းတစ်လျှောက် ကျေးရွာများသည် မြို့အဖြစ် စတင်စည်ကားလာရာ နတ်တလင်းမြို့သည် တစ်ခုအပါအ၀င်ဖြစ်သည်။
ယခင်က အင်္ဂလိပ်အစိုးရရုံးစိုက်ရာ တာပွန်မြို့မှ နတ်တလင်းမြို့သို့ပြောင်းရွှေ့ခဲ့ပါသည်။
နတ်တလင်းမြို့သည် သမိုင်းဝင်ဖြစ်ရပ်များစွာ၊ သမိုင်းအမွေအနှစ်များစွာ ပြည့်နှက်နေပါသည်။
- ဘိုးသာအောင်ကုန်း တိုက်ပွဲတွင် ဗိုလ်မှူးအေးချိုမှ ပထမဆုံး အောင်ဆန်းသူရိယဘွဲ့ရရှိရာ-
- ရဲဘ်ာသုံးကျိက်ဝင် ဗိုလ်မြင့်အောင် ရုတ်တရက်ဆုံးပါး၍ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် နတ်တလင်းသုသာန်သို့ ပို့ဆောင်င်္သဂြိုလ် ပေးဖူးရာ-

ထိုအကြောင်းအရာများစွာထဲမှ ယခုတလော လှုပ်ခတ်နေသော မော်တော်ယာဉ် အဆောက်အဦး အကြောင်း စပ်စုထားသလောက်တင်ပြပေးပါမည်။
နတ်တလင်းမြို့ မော်တော်ယာဉ် အများပိုင် အဆောက်အဦးကို ၁၉၅၈ ခုနှစ်တွင်စတင် ဆောက်လုပ်ခဲ့ပြီး တန်ဖိုးငွေ ၁၉၁၄၄ ကျပ် ၅၅ပြား ကုန်ကျပါသည်။
အဆောက်အဦးမြေနေရာကို မော်တော်ယာဉ်အသင်း ဥက္ကဌ ဦးဘိုးရင် အမည် DORP NO.257ဖြင့် ဂရံအမည်ပေါက်ဖြစ်ပါသည်။
အဆိုပါ မော်တော်ယာဉ်ရုံးတွင် တန်ဆောင်တိုင်မီးထွန်းပွဲတော်ရောက်တိုင်း မီးအလှထွန်းညှိခြင်း။ မီးပုံးများလွှတ်တင်ခြင်းများ အနီးအနားမြို့များအနက် အစောဆုံးပြုလုပ်ရာ ပင်မနေရာဖြစ်ပါသည်။(သမိုင်းသုတေသီ ဦးမြင့်ဝေ မှ "နတ်တလင်းမြို့မှာ LED မီး မပေါ်ခင်ကတည်းက အရုပ်တွေ၊စာလုံးတွေ လုပ် မီးထွန်းတာ နဲ့ မြန်မာပြည်မှာ အလှဆုံး ဘုရားခြင်္သေ့ ရှိတယ်" ဟု) ပြောဆိုတာ ကြားခဲ့ရပါသည်။
ရှေးယခင်တန်ဆောင်တိုင်မီးထွန်းပွဲတော် သန္ဓေ တည်ရာ မော်တော်ယာဉ်ရုံးကို ၃၁.၅.၁၉၇၀ တွင် မဆလပါတီမှ အဓမ္မသိမ်း ယူခဲ့ပြီး ခေတ်အဆက်ဆက်တွင် အဖွဲ့အစည်းအမျိုးမျိုးတို့မှ ခေါင်းစဉ် အမျိုးမျိုးတပ်ကာ အသုံးပြုခဲ့ပါသည်။
၁၉၉၉ တွင် ခေတ္တ တာဝန်ထမ်းဆောင်သူ မြို့နယ်အုပ်ချုပ်ရေးမှူး က သမိုင်းဝင်အဆောက်အဦးမြေနေရာ ကို ဦးဘိုးရင်အမည်မှ အုပ်ချုပ်ရေးအမည်ပေါက် ဂရံပြောင်းလဲရယူပါသည်။ယခုအခါ ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုကို ငှားရမ်းခ သက်သက်သာသာဖြင့် ပြည်ထဲရေးဝန်ကြီးဌာနမှ နှစ် ၃၀ လက်သိပ်ထိုးငှားရမ်းထားပါသည်။
မြို့တစ်မြို့၏ သမိုင်းအမွေအနှစ်များသည် ထိုမြို့တွင်နေထိုင်ကြီးပြင်းသည့် ဒေသခံများမှ ထိန်းသိမ်းကာကွယ်ရပါမည်။
သို့မှသာ နောင်သားစဉ်မြေးဆက် အမွေအနှစ်များလက်ဆင့်ကမ်း ထားခဲ့နိုင်မှာဖြစ်ပါတယ်။
တန်ဆောင်တိုင် မီးထွန်းပွဲတော်ကျင်းပတိုင်း ရှေး က စ ခဲ့ သည့် ထို နေ ရာ ကို . . . . .

0 comments:
Post a Comment