ကာဖြူးအမိန့်ကိုအာခံကြခြင်း
===================
မဝတရုံးနားတွင်ကပ်နေသော လုပ်သား ကဖီးသည် နတ်တလင်းမြို့၏ သမိုင်းဝင် နေရာ ဖြစ်သည်။ စစ်အာဏာရှင် စနစ်ကို တိုက်ဖျက်ခဲ့ သူတိုင်း သွားရောက် အလေးပြု အပ်သော ဗိမ္မာန် သဖွယ် လည်း ဖြစ်သည်။ ထို လက်ဖက်ရည် ဆိုင်မှ နေ၍ ယခု အခါ ခေတ်ဆိုး စနစ် ဆိုးကြောင့် တကွဲ တပြား စီ ဖြစ်နေ ရရှာ ပြီဖြစ်သော တိုက်ပွဲ ဝင် ရဲဘော် သုံးယောက် စစ်အာ ဏာရှင် စနစ်၏ ကာဖြူး အမိန့်ကို ရဲဝံ့စွာ ဆန့် ကျင် ခဲ့ကြ ဖူးသည်။
အချိန်ကား

ရှစ်လေးလုံးအရေးတော်ပုံကြီးကို ရက်စက် စွာ နှိမ်နင်းပြီး တိုင်းပြည်ကို
အုပ်ချုပ် နေသော စစ်အာဏာ ရှင်တို့ သည် ၎င်းတို့ အုပ်ချုပ်ရေး လွယ်ကူ စေရန်
အများ ပြည်သူ တို့အား ည မထွက်ရ ကာဖျူး အမိန့် ထုတ်ပြန် ထား ချိန်ဖြစ် ၏။
ထို အမိန့်အရ မည်သူ မဆို ည ၆ နာရီ ကျော် လျှင် လမ်းပေါ် ခြေ တစ်လှမ်းမျှ
မထွက်ရ။
"တောက်။"
နတ်တလင်းမြို့နယ် လက်ရွေးစင်ဘောသမား ဗိုလ်အောင်မင်း က မကျေနပ်။
"ဒါသက်သက် အနိုင်ကျင့်တာ"
ဗိုလ်နံပိန်ခေါ် နိုင်ဝင်းကထောက်ခံသည်။ ဒီမိုကရေစီ အတွက်ဆိုလျှင် ဘာပဲ စွန့်ရ စွန့်ရ အဆင်သင့် ဖြစ်နေသည့် ဗိုလ်ဘဲဥ ခေါ် ဆရာဘဲ က အံကြိတ်ကာ အကြံ ထုတ် နေသည်။
"တခုခု တော့လုပ်ရမယ်။ ငြိမ်နေလို့ မရ ဘူး။"
"ငြိမ်နေရင် သူ့ကျွန်ဘဝ ရောက်သွား မယ်။"
"တို့ရဲသုံးဖော် စိတ်ဓာတ် နတ်တလင်း တစ်မြို့ လုံး သိစေရ မကွ။"
စိတ်ဓာတ်ပြင်းထန်လှသော သူတို့ သုံးဦး ဒီနေ့ည တွင် တိုက်ပွဲဝင်ရန် ဆုံးဖြတ် ကြ၏။ ဆုံးဖြတ် ချက်ကိုလည်း တစ်မြို့ လုံးသိစေ၏။
"ရေရှည်တိုက်ပွဲဝင်နိုင်ဖို့ အရေးကြီးတယ်။"
ဆရာဘဲစကားကို နားမလည်သဖြင့် ဗိုလ်နံပိန်က မေးသည်။
"ဘာကို ဆိုလိုတာလဲ"
"အဖမ်းခံရလို့ မဖြစ်ဘူးပြောတာ"
"သဘောက်ပါတယ်ကွာ။ ငါခိုင်းတာသာ လုပ်ကြ"
ရဲရဲတောက် ဗိုလ်အောင်မင်းစကား အဆုံးဝယ် ယနေ့ည စစ်အာဏာ ရှင် ဆန့်ကျင် ရေး တိုက်ပွဲ၏ မဟာ ဗျူဟာ ကို သုံးဦးသား ဆွေးနွေး ကြသည်။ တိုက်ပွဲ ဝင်မည့်အချိန်ကို ည ၈ နာရီ မှ ၈ နာရီ ၁၅ မိနစ် အထိ သတ်မှတ် ကြသည်။ အဓိကမှာ ကာဖျူး အမိန့် တွင် ပါသော ခြေ တစ်လှမ်းမှ မထွက်ရ ဆိုသည့် ရင့်ရင့် သီးသီး ရှိလှသည့် အမိန့် အစုတ် အပြတ် ကို တန်ပြန် ဆန္ဒ ပြရန် ဖြစ် သည်။
သို့နှင့်
သူတို့သုံးဦးသား လုပ်သား လက်ဖက်ရည်ဆိုင် ကလေး တွင် အာမီရမ် ကလေးဖြင့် ငြိမ့်ကြ ရင်း ည ၈ နာရီ တိုက်ပွဲ ဝင်ချိန် ကို စောင့်သည်။ သူတို့ ၃ ဦး တိုက်ပွဲ ဝင်မည့် သတင်းကို သိနေနှင့် ကြသော မျြိ့သူ မြို့သား အချို့ကလည်း စိုးရိမ် ကာ နားစွင့် နေကြသည်။ ည ၈ နာရီ ကျော်ကျော် လောက်တွင် ကား လုပ်သား လက်ဖက် ရည် ဆိုင် အနီးမှ ခွေး ဟောင် သံကြီး ပေါ်ထွက် လာ သည်မှ တစ်ပါး ထူးခြားသည် ဘာမှ မရှိ။ သူတို့ တိုက်ပွဲ မှ ဝင်ဖြစ် ကြ ရဲ့လား။ အားလုံး သို့လော သို့လော။
မနက်မိုးလင်းသော အခါမှ နတ်တလင်းသား အချို သူတို့ ရဲသုံးဘော်၏ အာဏာ ဖီဆန် ရေး တိုက်ပွဲ အကြောင်း သိခွင့်ရ ကြသည်။ အနီးနား စက်ဘီး ပြင်ဆိုင် မှ ကိုမောင် ဖုန်းက သူတို့ တိုက်ပွဲ ဝင်ပုံကို အတိ အကျ ဓာတ်ပုံ နှင့် မှတ်တမ်း တင် ထား လေ သည်။ ဆရာဘဲ ကား ထိုနေ့ညက သူဘယ်လို ခြေထောက် တစ်ချောင်း ခြင်ကိုက် ခံကာ စစ် အာ ဏာ ရှင်တို့၏ ကာဖျူး အမိန့်ကို ဆန့်ကျင် ခဲ့ကြောင်း အမြဲ ဂုဏ်ယူ စွာ ပြောလျှက် ရှိ၏။
ဗိုလ်နိုင်ဝင်းကားနေပြည်တော်တွင်၊ ဗိုလ်အောင် မင်း ကား သုံးဆယ်၌။ နတ်တလင်း မြို့ကား သူ့မြို့မှ ဂုဏ်ပြု အပ်သော သူရဲကောင်း သုံးယောက်ကို မေ့လျော့ နေဘိ၏။
( ယောဆရာကြီး )

0 comments:
Post a Comment