ဦးအုန်းဂျော်နဲ့ ဗိုလ်ချုပ်အေဘယ်လ်








ဦးအုန်းဂျော်နဲ့ ဗိုလ်ချုပ်အေဘယ်လ်
=========================
ဦးအုန်းဂျော်ကနတ်တလင်းသားပါ။ ဗိုလ်ချုပ်လမ်းနဲ့ ရုံးလမ်းထောင့်က သူ့အိမ်ပါ။ ငယ်ငယ် ကတည်းက အင်္ဂလိပ်စာ အရမ်း ကြိုးစား တဲ့ ကျောင်းသား အဖြစ် ထင်ရှား ပါတယ်။ နတ်တ လင်း အထက မှာ ကျောင်းဆရာ လုပ်ဖူး ပါတယ်။ နောက်မှ ပေါင်းတည်သား နိုင်ငံခြား ရေးဝန်ကြီး ဦးသီဟန် ကျေးဇူးနဲ့ နိုင်ငံ ခြားရေး ရုံးကို ရောက်ပါ တယ်။ နိုင်ငံခြားရေး ဝန်ကြီးဌာန မှာ အောက်ခြေ ဝန်ထမ်း ကနေ ဝန်ကြီး အထိ တက်ဖြစ်တဲ့ တစ်ဦး တည်း သော ပုဂ္ဂိုလ်ပါ။ အခုတော့ နတ်တလင်း အသင်း နာယက ကြီးပေါ့။ သူအငြိမ်းစား ယူပြီးမှ ကိစ္စ တစ်ခု နဲ့ သူ့အိမ်ရောက်ဖူး ပါတယ်။ အိမ်နောက် ဖေးမှာ စာကြည့်တိုက် ဆောင် သတ်သတ် လုပ်ထား တာ တွေ့ရတယ်။ သူ့ဇနီးက ဝန်ကြီး ဟောင်း ဦးထွန်းဝင်း သမီး ကွန်ဗင့် ကျောင်း ထွက် ဖြစ်လို့ သူ့ထက် အင်္ဂလိပ်စာ ပို ကောင်းမယ် ထင်ရပါ တယ်။ သူတို့ ချင်း အင်္ဂလိပ်လိုပဲ ပြောကြတာ များတယ်။

ဗိုလ်ချုပ်အေဘယ်လ်က အင်း စိန်သားပါ။ နတ်တလင်းသူ ဗိုလ်မှူး တစ်ဦးနဲ့ အိမ်ထောင်ကျ ပြီး နတ်တလင်း အသင်းဝင် ဖြစ်လာပါ တယ်။ နဝတ ဝန်ကြီးတွေ ထဲမှာ ညာဏ် အထက်ဆုံး သတ်မှတ်ခံ ရပါတယ်။ အင်မတန် စည်းကမ်း စနစ် ကြီးတဲ့ ပုဂ္ဂိုလ် ကြီးဖြစ်ပါ တယ်။ အပြင်မှာ မတွေ့ဖူးပါ။ ဘိုးဘွားရိပ်သာ ဖွင့်ပွဲမှာ တစ်ခါ၊ ဗိုလ်ချုပ်လမ်း နဲ့ မြို့မကျောင်း လမ်း ထောင့်မှာ နေတဲ့ ဦးလေးငြိမ်း အသုဘ မှာ တစ်ခါ နတ်တလင်း ကို လာဖူး ပါတယ်။ အင်မတန် နှိမ့်ချ တတ်တဲ့ ပုဂ္ဂိုလ် ကြီးအဖြစ် နတ်တလင်း အသင်းသား တိုင်း သိကြပါတယ်။ ဟိုးအရင် အရာရှိငယ် ဘဝ ကတည်းက နတ်တလင်း အသင်းကို လာရင် အောက်ခြေ သိမ်း အလုပ်တွေ လုပ်ပေး တတ်လို့ ဖြစ် ပါတယ်။
တူတာကတော့ သူတို့နှစ်ယောက်စလုံးပညာ ကြောင့် အထွပ် အထိပ် ရောက်လာကြတာ ပါပဲ။ ခေတ်ကာလ ကြောင့် စစ်အာ ဏာရှင် စနစ်အောက် မှာ သူတို့ ဘဝ ကို တည်ဆောက် ခဲ့ကြတယ်။ ဒါပေမယ့် စည်းစနစ် ကြီးကြတာ မှာ သူတို့ကို ဘယ်သူ မှ မမီဘူး။ ဦးအုန်းဂျော်က လည်း ဝန်ကြီး ဘဝမှာ တောင် သူ့တူ အရင်းကို အလုပ်သွင်း မပေး ခဲ့သလို၊ ဗိုလ်ချုပ် အေဘယ်လ် ဆိုတာ လည်း အင်မတန် စာရိတ္တ ခိုင်မာ တဲ့ ဝန်ကြီး အဖြစ် ထင်ရှားပါတယ်။
အပြစ်အနာအဆာတွေရှာပြီး ဒီပုဂ္ဂိုလ်ကြီးတွေကို တိုက်ခိုက် နေမယ့်အစား အတုယူ စရာ တွေကို အတုခိုး ကြဖို့ လူငယ်တွေ ကို တိုက်တွန်း ကြပါစို့လား ဗျာ။
ယောဆရာကြီး

0 comments:

Post a Comment

Blogger templates

Popular Posts