ရန်ကုန်ရောက်နတ်တလင်းအသင်း






ရန်ကုန်ရောက်နတ်တလင်းအသင်း
========================
အခုခေတ်နတ်တလင်းသားတွေကိုယ့်မြို့သမိုင်း ကြောင်း ကောင်းကောင်း မသိကြလေ တော့ လေးစား ရမယ့်သူ ညွတ်တွားရမယ့် သူ ဦးညွှတ်ရ မယ့်သူ ရယ်လို့ လည်း အမှတ်အသား မရှိ၊ စိတ်ထင်ရာ စိုင်းကြ ရင်ဖြင့် ရေရှည် ကောင်းကျိုး မရှိနိုင် တာ ကြောင့် အတိတ် သမိုင်းက ယခုဆို အနှစ် ၆၀ ရှိပြီ ဖြစ်တဲ့ အထင်ကရ ရန်ကုန် ရောက် နတ်တလင်း အသင်း အကြောင်း အနည်းငယ် ဖေါ်ပြ လိုသဗျာ။
နတ်တလင်းအသင်းရဲ့အစက ရန်ကုန်တက္ကသိုလ် ရောက် ကျောင်းသား များစတင်တည် ထောင်တဲ့ သာယာ ဝတီ ခရိုင် အသင်း ပါပဲ။ ၁၉၅၁ ခုနှစ်မှာ သာယာ ဝတီခရိုင်ထဲ က ကျောင်းသား တွေနဲ့ ထူထောင် ပါတယ်။ အသင်း ဥက္ကဋ္ဌ က နတ်တလင်း သား ဦးအေးပါ။ နောက်တော့ ပညာ မင်းကြီး ဦးအေး လို့ထင် ရှားပါတယ်။ အဲဒီ အသင်း ပေါ်လာ ပြီးနောက်မှ အကြံ ရကြပြီး နတ်တလင်း အသင်း ထောင်ပါ တယ်။ အသင်း ထောင်ဖို့ စတင် စိတ်ကူး ရသူဟာ ပညာ အလင်းပြ ပုံနှိပ်တိုက် ပိုင်ရှင် ဦးဖြိုး ဖြစ်ပါတယ်။ အသင်း တည်ထောင်တဲ့ နေ့က မြန်မာ နိုင်ငံ လွတ်လပ်ရေး ရပြီး ၈ နှစ်အကြာ ၁၉၅၆ ခုနှစ် မတ်လ ၁၆ ရက်နေ့ပါ။ နေရာကတော့ အမှတ် ၁၃၀ ဗိုလ်ချုပ်လမ်း ရန်ကုန်လို့ အမှတ် အသား ရှိပါတယ်။ ပညာ အလင်းပြ ပုံနှိပ်တိုက် မှာ ဖြစ်ပါ တယ်။

နောက်တစ်နေ့ ဘုရားလမ်း ဆန်းမုန့်တိုက်မှာ ဧည့်ခံ ပွဲလုပ်ကြတော့ လူ ၄၀၀ တက်တယ်လို့ သိရပါ တယ်။ အဲဒီတုံးက နတ်တလင်း အသင်း အမှုဆောင် တွေထဲမှာ နတ်တလင်း မြို့က ပထမဆုံး ဘွဲ့ရတဲ့ ဒေါ်ခင်ရွှေ ပါတယ်။ ဆိပ်ကမ်း အင်ဂျင်နီယာ ချုပ် ဦးကျော်ဝင်း ပါတယ်။ သွေးသောက် မဂ္ဂဇင်း ပိုင်ရှင် ဦးကျော်ရိုး ပါတယ်။ သခင်ထွန်းရှိန် စာရေး ဆရာ မိုးဟိန်း ပါတယ်။ ခရိုင်ရဲဝန် ဦးအုန်းရွှေ ဆိုသူ ပါတယ်။ ရုပ်ရှင် မင်းသား ထွန်းဝေ ပါတယ်။ ဦးခင်မောင် စာရေးဆရာ စောဝင်း ပါတယ်။ အသင်းဝင် အင်အား ၁၃၉ ဦး ရှိပါတယ်။ အသင်းဝင် ကြေး ၂ ကျပ်နဲ့ နှစ်စဉ်ကြေး ၃ ကျပ် ကောက်ပါတယ်။
တော်လှန်ရေးကောင်စီတက်ပြီး ၁၉၆၄ ခနှစ် ဧပြီလ ၄ ရက်နေ့မှာ အမျိုးသား စည်းလုံး ညီညွတ်မှု ကို ကာကွယ်တဲ့ ဥပဒေ အရ အသင်းကို ဖျက်ပေးရ ပါတယ်။ နောက်ပိုင်း နိုင်ငံရေး အသင်း မဟုတ်သူ တွေ မှတ်ပုံ တင်နိုင်တယ်ဆိုမှ ၁၉၆၉ ခုနှစ် မတ်လ ၃၀ ရက်နေ့မှာ မင်္ဂလာဒုံ၊ ကျိုက္ကလို့ ဘုရား ဦးဥတ္တမ ကျောင်း ခန်းမမှာ အစည်းအဝေး ခေါ်ပါတယ်။ အစည်း အဝေး တက်ရောက်သူ ၆၀၀ ကျော် ပါတယ်။ နောက်ထောင် တဲ့ အသင်းမှာ တော့ အသင်းဝင် ၁၁၁ ဦးရှိတယ် ဆိုပါတယ်။ ဝင်ကြေးမရှိ။ နှစ်စဉ်ကြေး ၁၀ ကောက် ပါသတဲ့။
နတ်တလင်းအသင်းရဲ့ စည်းမျဉ်းကို ဗိုလ်မှူးလှမောင် (နောင် ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ်) က ရေးဆွဲပြီး ၁၉၇၂ ခုနှစ်၊ ဖေဖေါ်ဝါရီ ၆ ရက်နေ့မှာ အတည်ပြု ခဲ့ပါသဗျား။
အသင်းအနေနဲ့က အသင်းဝင်ကြေးမှာသာ ရပ်တည်ရတာ ဖြစ်လို့ ပညာ ထူးချွန် ကျောင်းသား ဆုပေးခြင်း၊ သာရေး နာရေး ကိစ္စ များမှာ ကူညီခြင်း စသည်တို့ကို သာ အထိုက် အလျောက် လုပ်နိုင် ကြပါတယ်။ အဖွဲ့ သမိုင်းမှာ ၁၉၇၇ ခုနှစ်က ရွှေဝါလင်း နာမည်နဲ့ မဂ္ဂဇင်း တစ်စောင် ထုတ်တယ်။ ၁၉၈၂ မှာ ငွေရတုမဂ္ဂဇင်း ထုတ်တယ်။ ၂၀၀၇ ခုနှစ်မှာ ရွှေရတု မဂ္ဂဇင်း ထုတ်ဝေ ပေးခဲ့ ပါတယ်။
အခုထက်ထိ အသင်းဟာ ဆက်လက်လှုပ်ရှားဆဲ ပါ။ မိမိဟာ အသင်း ဝင် မဟုတ်သလို သင်းလုံး ကျွတ် အစည်း အဝေး လိုမျိုး ရန်ကုန် ရောက် နတ်တ လင်းသား အစုံတက်တဲ့ ပွဲ မျိုးတောင် အဲဒီကို မရောက်ဖူး လို့ ယခု လက်ရှိအချိန် ဥက္ကဋ္ဌ၊ အတွင်း ရေးမှူး အမှုဆောင် ဘယ်သူ တွေမှန်း မသိပါ။
သို့သော် သမိုင်းကောင်းနှင့်ယှဉ်၍ ရှိခဲ့သော ကိုယ့်မြို့သား ကြီးများ တည်ထောင်ခဲ့သော ကိုယ့်မြို့က အသင်းကြီး ဝင့်ဝင့် ထယ်ထယ် နှင့် ဆက်လက် တည်ရှိ စေချင်တယ်။ ထိုအဖွဲ့ ကြီး အတွက်ဂုဏ်ယူ စေချင်တယ်။ အသင်း စတင် တည်ထောင် သူကြီး တွေကို ကြည်ညို စေချင်တယ်။ ထို့ကြောင့် နှောင်းလူ တို့သိအောင် အသင်းကြီး အကြောင်း တစေ့ တစောင်း တင်ပြလိုက် ပါတယ်။

 ယောဆရာကြီး


 

0 comments:

Post a Comment

Blogger templates

Popular Posts