နတ်တလင်းမြို့၏ထူးထူးခြားခြား သမိုင်းတွင် သည့် နေ့တစ်နေ့


နတ်တလင်းမြို့၏ထူးထူးခြားခြား သမိုင်းတွင် သည့် နေ့တစ်နေ့
============================
ဦးကျော်လင်းရေးသည်။
============================
၁၉၆၀ ပြည့်နှစ်သည်နတ်တလင်းမြို့ အတွက် အလွန်ထူး ခြားသော နှစ်ဖြစ် သည်။ ထိုနှစ်တွင် နတ်တလင်း မြို့၌ နှစ်စဉ်ကျင်းပမြဲ ဖြစ်သော တန်ဆောင်တိုင် ပွဲတော်ကို နေ့ပွဲ ညည့်ပွဲ အစုံအလင် ဖြင့် ခြိမ့်ခြိမ့်သဲမျှ စည်ကား သိုက်မြိုက်စွာ ကျင်းပသည်။ ထို တန်ဆောင် တိုင်ပွဲ တော်မှာ သုံး နှစ်မှ တစ်ကြိမ် ကျင်းပ လေ့ရှိသော မြတ်ဗုဒ္ဓ ဓာတ်တော်နှင့် စွယ်တော် လှည့် လည် ပူဇော်ခံပွဲနှင့် လာရောက် တိုက်ဆိုင်သည်။ထိုနှစ်တန် ဆောင်တိုင် မှာပင် နတ်တလင်း မြို့နယ် လူထု တစ်ရပ်လုံး ၏ အလှူငွေ များဖြင့် တည်ဆောက်သော ပြည်သူ့ ဆေးရုံ သစ်ကြီးကို အခမ်း အနား နှင့် ဖွင့် လှစ်သည်။ ထိုမျှ ထူးခြား သောနှစ်တွင် ကျွန်တော့် အနေနှင့် နတ်တ လင်းမြို့၌ မီးပုံးပျံ စီးပြခွင့် ရခဲ့ သည် မှာ ကျွန်တော့် အဖို့ အလွန် ကံထူး သည် ဆိုရ ပေမည်။

ကျွန်တော်သည် ၁၉၂၉ ခုနှစ်က ထားဝယ် မြို့ပေါ်၌ ပေါ်ပီဒေး (ပထမ ကမ္တာစစ် စစ်ပြေငြိမ်း အထိမ်း အမှတ် နေ့) ရန်ပုံငွေ အတွက် ကျွန် တော်၏ ကျေးဇူး ရှင် ဖခင်ဦးကျော်ရင် မီးပုံး ပျံ စီးပြ စဉ်က ဖခင်နှင့် အတူ လိုက်၍ စီးခဲ့ ဖူးသည်။ ထိုသို့ စီးခဲ့ဖူး ခြင်း ကြောင့် ၁၉၆၀ ပြည့်နှစ်တွင် နတ်တလင်း မြို့၌ ကျွန်တော် မီးပုံးပျံ စီးရန် အကြောင်း ဖန်လာ ခြင်း ဖြစ်သည်။
၁၉၂၉ ခုနှစ်က ထားဝယ်မြို့၌ ဖခင်နှင့်အတူ မီးပုံးပျံစီး စဉ်က ကျွန်တော်သည် ထားဝယ်မြို့ အစိုးရ အထက်တန်း ကျောင်း ၉ တန်း၌ ပညာ သင်ကြား လျက်ရှိ၍ အသက်မှာ ၁၆ နှစ် မပြည့် တတ်သေးပေ။ အမှန်မှာ ထိုနေ့ (၁၉၂၉ ခု၊ နိုဝင်ဘာ ၆ ရက် နေ့) က ကျွန်တော် စီးလိုက်မည့် အကြောင်း မည်သူမျှ မသိကြချေ။ ဖခင် နှင့် အတူ စီးလိုက်လို ကြောင်း ကျွန်တော်က ပြောကြည့် ခဲ့ရာ ဖခင်က ခွင့် မပြုသော ကြောင့် ကျွန်တော် စီးဖြစ်မည် မဖြစ်မည်ကို ကျွန်တော် ကိုယ်တိုင်ပင် မသိ။ သို့သော် ထိုနေ့ နံနက်တွင် ကျွန်တော်က အတန်တန် ပူဆာ သော ကြောင့် နောက်ဆုံး၌ ဖခင်က လိုက်လျော ၍ သာ ကျွန်တော်ပါ အတူ စီးဖြစ် သွားခြင်း ဖြစ်ပါသည်။
ထိုအချိန်က ကျွန်တော့်တွင် ဖခင်အား ကိုး ဖြင့် အတူ စီးလိုက်လိုသည့် ဆန္ဒ ကလွဲ၍ အခြား ထူးထူး ခြားခြား ဘာ ဆန္ဒ မှ မရှိပေ။ ထို့ကြောင့် လည်း ၁၉၅၉ ခုနှစ်တွင် နတ်တလင်း တန်ဆောင်တိုင် ပွဲ ကော်မတီမှ ဖခင် ဦးကျော်ရင် ကဲ့သို့ လူကိုယ်တိုင် မီးပုံးပျံ စီးပြ နိုင်မည့် သူကို ဆုငွေ တစ်ထောင် ချီးမြှင့် မည်ဟု သတင်းစာ မှ ကြော်ငြာ၍ ဖိတ်ခေါ် ခဲ့စဉ်က ကျွန်တော့် အနေနှင့် မည်သို့မျှ မတုံ့ပြန် ခဲ့ပေ။
နတ်တလင်းမြို့သည် ထိုအချိန်က နှစ်စဉ် တန်ဆောင်တိုင် ပွဲတော်၌ စက္ကူမီး ပုံးပျံ လွှတ်ပွဲ များကို ဆုများပေး၍ အပြိုင် အဆိုင် ကျင်းပ ခြင်းဖြင့် အလွန် နာမည် ကြီးသော မြို့ဖြစ်သည်။ နေ့ဘက်တွင် ဆင်ရုပ်၊ ကျားရုပ်၊ နွားရုပ်၊ မိကျောင်းရုပ် စသည်ဖြင့် မီးပုံးပျံ များကို ပုံစံ အမျိုးမျိုး ပြုလုပ်၍ ယှဉ် ပြိုင် ကြရ သည်။ ညည့်ဘက်တွင် မီးပုံးပျံ အောက်မှ ချိတ်ဆွဲ လိုက်သော ပုံတောင်တွဲ ခေါ် မီးပုံး ကလေး များကို ပြာဿဒ်ပုံ၊ စေတီပုံ၊ ကြယ်ပုံ စသည်ဖြင့် ပုံစံ အမျိုးမျိုး ပြုလုပ်ရုံ မက မီးပုံပျံ တက်နေစဉ် အတွင်း နှစ်မျိုး သုံးမျိုး ပြောင်း စေခြင်း ဖြင့် ယှဉ်ပြိုင် ကြသည်။ ထိုမီးပုံးပျံ ပြိုင်ပွဲ သို့ အခြား မြို့နယ် များမှ ဝါသနာရှင် များ ပင် လာရောက် ယှဉ်ပြိုင် ကြသည်။
သို့ရာတွင် ၁၉၅၉ ခုနှစ်သို့ရောက်သော အခါ နတ်တလင်း မြို့မှ တန်ဆောင်တိုင် ကော်မတီ လူကြီး များ သည် စက္ကူ မီးပုံးပျံ လွှတ်ပွဲ ကျင်းပ ရုံဖြင့် မကျေနပ် နိုင်ပဲ ကျွန်တော်၏ ဖခင် ဦးကျော်ရင် ကဲ့သို့ လူကိုယ်တိုင် စီးပြသော မီးပုံးပျံကို လွှတ်တင်နိုင် အောင် ကြိုးပမ်း လာကြသည်။
ကျွန်တော်၏ ဖခင် ဦးကျော်ရင်သည် လက်ပံတန်း၊ ရွှေတောင်၊ ကြို့ပင် ကောက် စသော ရန်ကုန် ပြည် မီးရ ထား လမ်း တလျှောက်ရှိ မြို့များ၌ အကြောင်း အားလျော်စွာ မီးပုံပျံ စီးပြ ခဲ့ဖူး သော်လည်း နတ်တလင်း မြို့၌ စီးပြရန် အခွင့် မကြုံခဲ့ပေ။ ထို့ကြောင့် နတ်တလင်း မြို့မှ တန်ဆောင်တိုင် ကော်မတီ လူကြီးများ သည် နတ်တလင်း မြို့၌လည်း လူကိုယ်တိုင် စီးပြသည့် မီးပုံပျံ လွှတ်ပွဲကို ဆင်နွှဲ နိုင်ရန် အတွက် ၁၉၅၉ ခုနှစ်တွင် သတင်းစာ မှနေ၍ စီးပြနိုင်မည့် သူကို ဖိတ်ခေါ် ခဲ့ခြင်း ဖြစ်လေ သည်။
ထိုကိစ္စကို ကျွန်တော့် အနေနှင့် တုံ့ပြန် ခဲ့ခြင်း မရှိသော် လည်း နောင်သိရ သည်မှာ ကျွန်တော့် ဖခင် ဦးကျော်ရင် ကဲ့သို့ မီးပုံးပျံ စီးပြနိုင်သည် ဆိုသူ တစ်ဦး ထွက်ပေါ်လာခဲ့ သည်။ ထိုပုဂ္ဂိုလ်၏ အကြံပေးချက် အတိုင်း မီးပုံးပျံကို ပိတ်အုပ် ခြောက်အုပ်ခန့် ချုပ်လုပ် သည်။ မီးပုံးပျံ စီးပြရန် ကြော်ငြာ ထား သည့် နေ့၌ လာရောက် ကြည့်ရှုကြ သည့် ပရိတ်သတ် မှာ မနည်းလှဟု ဆို၏။ သို့သော် မီးပုံးပျံကို မှိုင်း သွင်းသော အခါ မီးပုံးပျံ မှာ အရွယ် သေးငယ် ခြင်း၊ မှိုင်း သွင်းပုံ နည်းလမ်း မကျခြင်း တို့ ကြောင့် မှိုင်းသွင်း နေစဉ်မှာ ပင်ပိတ် သားတွင် စွဲကပ်သော မှိုင်းအလေး ချိန်ကြောင့် အိကျ လာသဖြင့် နောက်ဆုံး လက်လျှော့ လိုက်ရ သည်ဟု သိရ သည်။
ထို့ကြောင့် လူကိုယ်တိုင် မီးပုံးပျံ စီးပြမည့် ကိစ္စ ကို မဖြစ် မနေ ကြိုးစား လျှက်ရှိသော နတ်တလင်း မြို့မှ တန်ဆောင်တိုင် ကော်မတီ လူကြီး များ သည် နောင်နှစ် ၁၉၆၀ ပြည့်နှစ်တွင် နတ်တလင်း မြို့သား ဖြစ်သူ ဦးကျော်ရိုး (သွေးသောက် မဂ္ဂဇင်း ပိုင်ရှင် နှင့် အယ်ဒီတာ ဦးပြည့်စုံ) မှတဆင့် ဦးကျော်ရင် ၏သားမှန်း သိထား သော ကျွန်တော့် ညီ ဦးကျော်ဆန်း ကာ တွန်း (ကဆ) ထံချဉ်းကပ် လာ ကြသည်။ ကျွန်တော် ၏ညီမှ နေ၍ တဖန် ဖခင် နှင့်အတူ မီးပုံးပျ စီးခဲ့ ဖူးသော ကျွန်တော့် ထံသို့ ရောက်ရှိ လာခဲ့ကြသည်။
ထိုအချိန်က ကျွန်တော်၏ညီ ကာ တွန်း ဦးကျာ်ဆန်း သည် မြန်မာ့ အ လင်း သတင်းစာ တိုက်၌ လက်ထောက် အယ်ဒီတာ အဖြစ်အမှု ထမ်းလျှက်ရှိ၍ ကျွန်တော်က စာပေဗိမာန် တွင် လက်ထောက် စာတည်း အဖြစ် အမှုထမ်းလျှက် ရှိသည်။ သို့ဖြင့် မှတ်မိသလောက် ၁၉၆၀ ပြည့်နှစ် အောက်တို ဘာလ ၁၇ ရက်နေ့တွင် နတ်တလင်း မြို့မှ တန်ဆောင်တိုင် ကော်မတီ လူကြီး များ ဖြစ်ကြသော ဦးဘိုးကျင် နှင့် ဦးကျင် တို့သည် ဦးကျော်ရိုး ကျွန်တော့်ညီ ဦးကျော်ဆန်း တို့နှင့် အတူ ကျွန်တော်ရှိရာ စာပေ ဗိမာန် သို့ ရောက်ရှိ လာကြ ပြီးလျှင် မီးပုံးပျံ လွှတ်မည့် ကိစ္စကို ရင်းရင်း နှီးနှီး ဆွေးနွေး ကြသည်။ ကျွန်တော်က မီးပုံးပျံ ချုပ် လုပ်ရန် နှင့်လွှတ်တင်ရန် ကိစ္စ၊ အဝဝကို ကူညီရန် အာမ ခံ၍ စီးပြနိုင်မည့် သူကိုမူ မိမိတို့ ဘာ သာ ရှာရန် အကြံပေး လိုက်သည်။ နတ်တလင်းမှ ကော်မတီ လူကြီးများ အနေနှင့် ကား ကျွန်တော် ကိုယ်တိုင် စီးပြ စေလိုသော ဆန္ဒ ရှိကြသည်။
နတ်တလင်းမှကော်မတီလူကြီး များပြန် သွားသောအခါ ကျွန်တော်သည် ချုပ်လုပ်မည့် မီးပုံးပျံ အတွက် အသေးစိတ် ပုံစံများ ရေးဆွဲရင်း ကျန်ခဲ့သည်။ ကျွန်တော့် ဖခင် ပထမ ချုပ်လုပ်သော မီးပုံးပျံ မှာ ကိုက် ၄၀ ရှိ လှသိင်္ဂီ ပိတ်အုပ်ပေါင်း ၂၄ အုပ်ဖြင့် သံပုရာသီး ရှောက်သီး ပမာ အမြောင်း လိုက်စပ်၍ ချုပ်လုပ်ထားကာ ထက်အောက် လုံးပတ် အတောင် ၁၀၀၊ အမြင့် အတောင် ၃၀ ခန့်ရှိ၍ ထုထည် ကုဗပေ ၃၂၀၀၀ ခန့်ရှိ ပေမည်။ မီးပုံးပျံ ကြီးမှာ အလွန်ကြီးမား၍ တက်အား လည်း အလွန် ကောင်း ပေသည်။ လူ သုံးလေး ယောက်ကို အသာ ကလေး သယ်ဆောင် သွားနိုင် လောက်အောင် အားရှိသည်။
ယခုကျွန်တော်စီစဉ်ချုပ်လုပ်မည့် မီးပုံးပျံကို အကုန် အကျလည်း နည်း၍ လူတစ်ယောက် ကိုလည်း ကောင်းစွာ သယ်ဆောင် နိုင်လောက်အောင် အရွယ်ငယ် စေလို သည်။ ထို့ ကြောင့် ပုံကြမ်း အမျိုးမျိုးရေး ဆွဲ၍ ပုံစံထုတ်ရာ နောက်ဆုံး တွင် ပိတ်အုပ် ၁၃ အုပ်ခန့်ဖြင့် ချုပ်လုပ်၍ လုံးပတ်ပေ ၁၁၀၊ အမြင့်ပေ ၃၀ ခန့်နှင့် ထုထည် ကုဗပေ ၁၆၄၀၀ ခန့်ရှိမည် ဖြစ်သော မီးပုံးပျံ ပုံစံကို ထုတ်လုပ် ရရှိသည်။ ထုထည် အားဖြင့် ကျွန်တော့် ဖခင် မီးပုံး ပျံ၏ ထက်ဝက်ခန့် ရှိမည် ဖြစ်၍ လူ တစ်ယောက်ကို ကောင်းစွာ သယ်ဆောင် နိုင်မည် မှာ သေချာ၏။
နောက်လေးငါးရက်ခန့်အကြာတွင် နတ်တလင်း မှ ကော်မတီ လူကြီးများ ဒုတိယ အကြိမ်ပြန်လာ ကြသော အခါ ဦးကျော်ရိုးနှင့် အတူ ဦးသူငယ် နှင့် မီးပုံးပျံ ဝိဇ္ဇာ ဦးတင်မောင် လည်း ပါလာ၏။ ဦးတင်မောင် မှာ ထို အချိန်က မီးပုံးပျံ များကို ပုံစံ အမျိုးမျိုး ပြု လုပ် လွှတ်တင် ရာ၌ ပြိုင်ဘက် ကင်း လောက်သူ ဖြစ်၍ ယှဉ်ပြိုင် ခြင်း မပြုစေ တော့ ပဲအကဲ ဖြတ် လူကြီး များ အဖွဲ့ တွင် ပါဝင် ဆောင်ရွက်ရန် တာဝန် ပေးအပ် ထား ခြင်း ခံရသူ ဖြစ်သည်။
မီးပုံပျံချုပ်လုပ်မည့်ကိစ္စ အသေးစိတ်ကို တိုင်ပင် စီစဉ်ကြပြီး နောက် ပိတ်အုပ် နှင့်ကြိုး များကို ကျွန်တော်တို့ အတူ တကွ လိုက်ဝယ် ကြ၏။ ကော်မတီ လူကြီး များက ဖြစ်နိုင် လျှင် ကျွန်တော် ကိုယ်တိုင် စီးပြ စေလို သော ဆန္ဒကို ထပ်မံပြော ကြား၏။ အမှန်အတိုင်း ဝန်ခံရ လျှင် ကျွန်တော့် အနေနှင့် ထို အချိန်တွင် ကိုယ်တိုင် စီးသင့် မစီးသင့် စဉ်းစား နေပြီ ဖြစ်သည်။ သို့သော် ချီတုံ ချတုံ ဖြစ်ဆဲမို့ ယတိပြတ် အဖြေ မပေး သေးပဲ စဉ်းစား မည်ဟုသာ မတင်မကျ ပြန်ကြား လိုက်သည်။
ကော်မတီလူကြီးများနတ်တလင်း ပြန်သွား ကြပြီးနောက် မီးပုံးပျံ ကို အချိန်မီ ပြီးအောင် မီးပုံးဝိဇ္ဇာ ဦးတင်မောင် ကိုယ်တိုင် ဦးစီး ပြီး အပူတပြင်း ချုပ်လုပ် နေပြီ ဖြစ်ကြောင်း သတင်းရရှိသော အခါ ကျွန်တော့် ခေါင်း ထဲ အတွေး တစ်ခု ဝင်လာသည်။ မီးပုံးပျံ ကို ကျွန်တော် စီစဉ်ပေး လိုက်သည့် အတိုင်း ချုပ်လုပ်နေပြီး မီးပုံးပျံ လွှတ်မည့် နေ့တွင် ကျွန်တော် ကိုယ်တိုင် သွား ရောက် ကြီးကြပ် ပေးဖို့လည်း စိတ်ကူး ထား သည်။
သို့ရာတွင် မီးပုံးပျံ စီးပြသည့်ကိစ္စ ချောမော အောင် မြင် သွားလျှင် ဘာမျှ ပြောစရာ မရှိ။ မီးပုံးပျံ စီးသူမှာ ယခင်က အတွေ့ အကြုံ မရှိ သဖြင်
့ အကယ်၍ မတော် တဆ ခြေချော် လက်ချော် ဖြစ် သွား ခဲ့သော်မီး ပုံးပျံ စီးပြသည့် ကိစ္စ တစ်ခု လုံး မည်သို့ ဖြစ်သွား မည်နည်း။ စိုးရိမ် စိတ်ဖြင့် အတွေးက ကျွန်တော့် ခေါင်းထဲ ဝင်ရောက် လာသည်။ ထို့ကြောင့် ကျွန်တော် ကိုယ်တိုင် စီးမှ အဆင် ပြေ မည်ကို ဆင်ခြင်မိသည့် အတိုင်း ကျွန်တော့် ဖခင် ဦးကျော်ရင် ကိုလည်း ပြန်လည် သတိရ ကြစေ ခြင်း ငှာ ကျွန်တော် ကိုယ်တိုင်စီး ပြဖို့ ယတိ ပြတ် ဆုံးဖြတ် လိုက်တော့ သည်။
ကျွန်တော်၏ အတွေ့အကြုံအရ ပြောရလျှင် မီးပုံးပျံ စီးမည့်သူ သည် ရှေး ဦးစွာ သတ္တိ အတော်အတန် ရှိဖို့တော့ လိုမည်။ ထို့နောက် ကျန်းမာ ရေးနှင့် ပြည့်စုံပြီး ခြေလက် မြဲကာ ဖျတ်လတ် ဖို့ လိုသည်။ ထို့နောက် သတိ အလွန်ရှိ ဖို့ လိုသည်။ မီးပုံးပျံ သည် မြေပြင်မှ တက်စတွင် လိုက်ပါသူ ကို ရုတ်တရက် အရှိန် ဖြင့် ဆောင့်ဆွဲ သွားတတ်သည်။ ထို့နောက် အနီး ပတ်ဝန်း ကျင်တွင် အဆောက် အဦးများ သစ်ပင် များ ရှိက လေပင့် ရာပါ ပြီး ရိုက်ခတ် မိတတ် သည်။ အရေး အကြီးဆုံး မှာ မြေပြင်သို့ ပြန်ကြ လာချိန် တွင် ဖြစ်၏။ မီး ပုံးပျံ တွင် မှိုင်းများက ခပ်ဖြေးဖြေး ကျလာ တတ်၍ မှိုင်းနည်းက မြန်မြန် ကျလာ တတ် သည်။
တဖန် လေဆောင်ရာသို့ လိုက်ပါရသည့် အတိုင်း မြေကြီးပေါ် ကျမည်လော။ ခေါင်မိုး ပေါ် ကျမည် လော။ ရေထဲ ကျမည် လော ဆိုသည်ကို မည်သို့မျှ ကြိုတင် ပြီး မခန့် မှန်း နိုင်ပေ။ တဖန် မီးပုံးပျံ သည် မြေပြင် ပေါ်သို့ ကျ လာသော အခါ မြေကြီး နှင့် ဆောင့်မိပြီး အပေါ်သို့ ထန်း နှစ်ဖျား သုံးဖျား ခန့် ပြန်တက် သွားလေ့ ရှိသည်။ ထို့ကြောင့် မည်သည့် နေရာ တွင် ကျသည် ဖြစ်စေ မီးပုံပျံ နှင့် လိုက်ပါ သွားသူ သည် ထိုနေရာ ၌ ဖြစ်သည့် နည်း နှင့် နေရစ်ခဲ့ရန် သတိရ ဖို့ အရေး ကြီးသည်။
ကျွန်တော်ကိုယ်တိုင် မီးပုံးပျံ စီးပြဖို့ ဆုံးဖြတ် လိုက်သည် နှင့် တပြိုင်နက် ကျွန်တော့် ညီ ဦးကျော်ဆန်း မှ တဆင့် ဦးကျော်ရိုး ထံ အကြောင်း ကြား လိုက် သည်။ ဦးကျော်ရိုး မှ တဖန် နတ်တလင်း သို့ တယ်လီဖုန်း ဖြင့် သတင်း ပို့ လိုက် သော အခါ နတ်တလင်း မှ ကော်မတီ လူကြီး များ အားလုံး ဝမ်းမြောက် မဆုံး ဖြစ် သွား ကြောင်း သိရ၏။ နောက် ရက်များ မကြာမီ မြန်မာ့ အလင်းနှင့်ဗိုလ် တထောင် သတင်းစာ များ ၌ နတ်တလင်း တန်ဆောင်တိုင် ပွဲတော်တွင် ကျွန်တော် ကိုယ်တိုင် အဖေ့ ခြေရာ နင်းပြီး မီးပုံးပျံ စီးမည့် သတင်း ပါလာ သည်။
ကျွန်တော်သည် ထိုအချိန်တွင် အသက်အား ဖြင့် ၄၆ နှစ် ကျော် နေပြီ။ ငယ်စဉ်က ဘောလုံး သမား တစ်ယောက် ဖြစ်ကာ ဖခင် နည်းတူ ကျွမ်းဘား ဝါသနာပါသူ ဖြစ်ခဲ့သော် လည်း ယခု အခါ ဘောလုံး ကျွမ်းဘား တို့ နှင့် အဆက်ပြတ် နေသည် မှာ အတော် ကြာ သွားလေ ပြီ။ ထို့ကြောင့် ကိုယ်တိုင် မီးပုံးပျံ စီးပြဖို့ ဆုံးဖြတ် လိုက် ပြီးသည့် နေ့မှ စ၍ ကျွန်တော်သည် ပြန်လည် ဖျတ်လတ် လာစေ ရန် အတွက် ကျန်းမာ ရေး လေ့ကျင့် ခန်း များကို အိမ်ထဲ၌ အပြင်း အထန် လေ့ကျင့် ရတော့ သည်။
နတ်တလင်းမြို့၌ နိုဝင်ဘာလ ၂ ရက် (၁၃၂၂ ခု တန်ဆောင် မုန်း လပြည့်) ဗုဒ္ဓဟူး နေ့တွင် မီးပုံးပျံ စီးပြရန် သတ်မှတ်ပြီး ဖြစ်သည့် အတိုင်း ကျွန်တော်သည် ကျွန်တော်၏ သမီး မြို့မ အမျိုး သမီး အထက်တန်း ကျောင်းသူ နှစ်ယောက်၊ ညီ ဦးကျော်ဆန်း တို့နှင့် အတူ နတ်တလင်း မြို့သို့ အောက်တို ဘာလ ၃၁ ရက်နေ့ ညည့် ရထား ဖြင့် လိုက်ပါသွား ကြသည်။
နတ်တလင်းဘူတာတွင် တန်ဆောင်တိုင် ကော်မတီ လူကြီး များ လာရောက် ကြိုဆို၍ ကျွန်တော်တို့ကို ပန်းထိမ် ဆရာကြီး ဦးအေးမောင် အိမ်၌ တည်းခို နေထိုင်ရန် နေရာ ချထား သည်။ ကြိုတင် စီစဉ်ထား သည့် အတိုင်း မီးပုံးပျံ စီးမပြမီ တစ်ရက် အလို နိုဝင်ဘာ တစ်ရက် နေ့ နံနက် တွင် သကျမဟာ မြတ်မုနိ ဘုရား ကြီး အနောက် ဘက်ရှိ အစိုးရ အထက်တန်း ကျောင်းဝင်း အတွင်း၌ မီးပုံးပျံ ကို မှိုင်း အစမ်း သွင်း ကြည့်ရာ စိတ်ကျေ နပ် လောက်အောင် ကောင်းစွာ အောင် မြင် သည်ကို တွေ့ရ လေသည်။
နောက်နေ့ နိုဝင်ဘာ ၂ ရက် (တန် ဆောင်မုန်း လပြည့် နေ့) နံနက် ၈ နာရီ ကျော်လောက်တွင် မီးပုံးပျံ စီးပြမည့် ကွင်း ထဲသို့ ကျွန်တော်တို့ ရောက်ရှိ သွားသော အခါကြည့်ရှုရန် လာသော ပရိတ် သတ်မှာ အတော် များများ ပင် ရောက်ရှိနေ ကြပြီ။
မီးပုံးပျံမှိုင်း သွင်းရန် ပြင်ဆင်ထား ပုံမှာ ဤသို့ ဖြစ်၏။ လူ တစ်ရပ်ခန့် မြင့်သော မှိုင်းပုံးကို ကွင်းအလယ်၌ တည်ထား ပြီးလျှင် မှိုင်းပုံး နှင့်မီးပုံး ပျံ ပိတ်သား မထိမိ စေရန် အတွက် မှိုင်းပုံး အပေါ်တွင် ဝါးလုံး ကြီးများ ဖြင့် ဗူးစင် သဖွယ် စင် တစ်ခု ဆောက်လုပ် ထားသည်။ မီးပုံးပျံ၏ ဒွါရ (မှိုင်းခံ မည့် အဝ) ကို မှိုင်းပုံး ပေါ်စွပ်ထားပြီး မီးပုံး ကိုယ်ထည် ကိုမူ မှိုင်းစင် ပေါ်၌ ဖြန့်ထား သည်။ မီးပုံးပျံ ၏ ထိပ်ကို နဘေး တစ်ဖက် တစ်ချက် မလှမ်းမကမ်း ၌ စိုက်ထူ ထားသော ဝါးပိုးတိုင် နှစ်လုံး၏ ထိပ်မှ စက်သီး ကြိုးများ ဖြင့် ဆွဲတင် ထားသည်။ မီးပုံးပျံ၏ ဒွါရ ကို မြေစိုက် ကြိုး များဖြင့်ထိန်း ထား ၍ ယင်းတို့ကို အလွယ် တကူ ဖြုတ် နိုင်အောင် ခေါက်တုပ် အရှင် ချည် ထားသည်။
မီးပုံးပျံလွှတ်မည့်ကွင်းတဝိုက်ကို စစ်ဘက်၊ ရဲဘက်၊ မီးသတ် ရဲဘော်တို့နှင့် ကြက်ခြေနီ အဖွဲ့သား များ စောင့် ကြပ် လျှက်ရှိပြီး ဆရာဝန် ကြီး များနှင့် အခြား တာဝန်ရှိ ပုဂ္ဂိုလ် များ လည်း ရောက်နှင့် နေကြသည်။ မီးပုံး ပျံ ကျရာ သို့ မော်တော် ကား မြင်း လှည်း များ ဖြင့် လိုက်ရန် လည်း အ သင့် ပြင် ထားကြောင်း သိရ သည်။ ဒိုးပတ် ဝိုင်းက တစ်နေရာ မှ နေ၍ မြူးမြူး ကြွကြွ တီးမှုတ် လျှက် ရှိလေ သည်။
ရာသီဥတုမှာ သာယာ လျှက်ရှိပြီး လေလည်း ငြိမ် သဖြင့် မှိုင်းသွင်းရန် အကောင်း ဆုံး အခြေ အနေကို ဖန်တီး လျှက် ရှိသည်။ ထို့ကြောင့် နံနက် ၉ နာရီ မိနစ် ၅၀ ခန့်တွင် မှိုင်းပုံး အတွင်း ရေနံခွက်ထဲရှိ ရေနံချေး စိမ် ထား သော ဂုန်နီ အိတ် အပိုင်း အစ များကို မီးရှို့ပေး ခြင်း ဖြင့် မီးပုံးပျံကို မှိုင်းစ၍ သွင်းလေ သည်။ ကျွန်တော့် ညီ ဦးကျော်ဆန်း နှင့်အတူ ဦးဘိုးကျင်၊ ဦးသူငယ်၊ ဦးတင်မောင် စသူ တို့က အစစ အဆင်ပြေ အောင် ကြီးကြပ်ဆောင်ရွက် လျှက် ရှိသည်။
မီးပုံးပျံ တဖြည်းဖြည်း ကြွတက်လာ သည်။ ကြွတက်လာ သည်နှင့်အမျှ မီးပုံးပျံ ၏ ထိပ်ကို အပေါ်သို့ ဆွဲတင် ပေးရ သည်။ မှိုင်းပုံး အတွင်းရှိ ရေ နံခွက် ထဲသို့ ရေနံချေး ကို တစ်ခွက် ပြီး တစ်ခွက် လောင်း ထည့် ပေးနေရ သည်။ မှိုင်းပုံး ရှိလေ ဝင် ပေါက် ကို ဖွင့် ထားရာ မီးမှာ အရှိန် ပြင်းစွာ ဖြင့် တဟုန်းဟုန်း တောက်လောင် လျှက်ရှိ သည်။ မှိုင်းပုံးကို အပူရှိန် မပြင်း စေရန် ရေပိုက်များ ဖြင့် အဆက်မပြတ် ပက်ပေး နေရ၍ မီးပုံးပျံ ဒွါရ ပတ်လည်ရှိ ပိတ်သား ကိုလည်း မီးမဟတ်စေရန် ရေနာနာ ပက်ဖျန်း ပေးနေရ သည်။
မှိုင်းသွင်း၍ ၄၅ မိနစ်ခန့် ကြာသော အခါ မှိုင်းများ အန်လာ၍ မီးပုံးပျံမှာ ရုန်းကန်စ ပြု လာသည်။ ထိုအခါ မှိုင်း စင် ကို ဖယ်လိုက်၍ ဝါးပိုးတိုင် နှစ်လုံးကို လှဲ ချ လိုက်သည်။ မီးပုံးပျံ ကို မယိမ်း ယိုင် စေရန် မီးပုံးပျံ ထိပ်ကိုလေးဘက် လေးတန် ကြိုး များဖြင့် ဆွဲထိန်း ပေးထား ရသည်။ မီးပုံးပျံ မှာ ဧရာမ သင်္ဘော သီးကြီးကို မြေကြီး ပေါ်၌ မားမား မတ်မတ် ထောင်ထား သကဲ့သို့ ရှိ၏။ ပရိတ်သတ် မှာ များ ပြား လှ၍ တစ်သိန်း ခန့်ပင် ရှိမည်ဟု ခန့်မှန်း ကြသည်။
၁၀ နာရီမိနစ် ၅၀ ခန့် အချိန် ရောက်သောအခါ မီးပုံးပျံ မှာ တအားရုန်း၍ နေလေ သည်။ အားလုံး အသင့် ရှိကြရန် သတိ ပေးပြီးနောက် ကျွန်တော်သည် ရတနာ သုံးပါး၊ မိဘ ဆ ရာများနှင့်သက်ကြီး ရွယ်ကြီး များ ကို လက်အုပ်ချီ အာရုံ ပြုပြီး လျှင် မှိုင်းပုံး အနီး နှစ်လံ အကွာ လောက်၌ ကျွန်တော် စီးလိုက်မည့် သံဘားတန်း ကိုင်း ကို ကိုင်၍ ရပ်နေ လိုက် သည်။ မီးပုံးပျံ ဒွါရကို ထိန်းထား သော ခေါက်တုပ် ကြိုး အရှင် များကို ကိုင်ထား သူများမှာ အသင့်ဖြစ်နေ ကြလေပြီ။
ကျွန်တော်သည်ထိုအချိန်ကစပို့ရှပ် အဖြူ၊ ဘောင်းဘီတို အဖြူ၊ ခြေအိတ် အဖြူ၊ ကင်းဘတ် ဖိနပ် ဖြူ ဖြင့် တင်းနစ် ကစား သမား တစ်ဦး ပမာ ဝတ်ဆင် ထား သည်။ ငယ်စဉ်က ဖခင် နှင့်အတူ မီးပုံးပျံ စီး၍ လိုက်ဖူး သည်ကို အမှတ်ရ ပြီး ကျွန်တော်သည် ဖခင်အား အထူး သတိရ တမ်းတ နေမိ သည်။ ပရိတ်သတ် အချို့ မှာ ကျွန်တော်၏ လှုပ်ရှား မှုကို ကြည့် ကာ ရွှင်ပြ အားတက် လျက် ရှိသော်လည်း အချို့ ကမူ စိုးရိမ် မကင်းသည့် မျက်နှာ များဖြင့် ကြည့်နေကြ ဟန် ရှိပေသည်။
ကျွန်တော် စီးလိုက်မည့် သံဘားတန်းကိုင်းကို မီးပုံးပျံ ဒွါရ တွင် ချည် ထားသော ပေ ၃၀ ခန့်ရှိ သည့် သံကြိုး အဆုံး၌ ချည်ထား၍ ထိုကြိုးကို ကျွန်တော့် ရှေ့နား၌ အလိုက်သင့် ခွေထား သည်။ သံဘားတန်း ကိုင်း မှာ ငါးမူး လုံးဖြင့် ပြုလုပ် ထား၍ အမြင့် ခုနစ်ပေခွဲ အကျယ် နှစ်ပေ ရှိသည်။ အပေါ်ဘက် တွင် ကျွမ်းထိုး နိုင်ရန် ဘားတန်း တစ်ခု နှင့် အောက် ဘက်တွင် ရပ်လိုက ရပ်၊ ထိုင်လိုက ထိုင် နိုင်ရန် ဘားတန်း တစ်ခု ပါရှိ သည်။ အပေါ် တက်စဉ် ဝှေ့ရမ်း ပြရန်နိုင်ငံတော် အလံငယ် တစ်ခု ကို သံကိုင်း တွင် ချည် ထား ပြီး ပြန် အကျ တွင် အလေးချိန် လျှော့ချ ရန် အတွက် သဲအိတ် များ ချည် ထားသည။ ခေါင်မိုး ပေါ် သစ်ပင် ပေါ် ကျပါက အသုံးပြု နိုင်ရန် ကြိုး တစ်ခွေကို အသင့် ချည် ထား၍ ရေထဲကျ ပါက ဖော့ ကွင်း ပမာ အသုံးပြုနိုင် ရန် လေ ထိုးထား သော မော်တော်ကား ကျွတ် တစ်လုံး ကို သံကိုင်း အောက် ၌ ချည် ထားသည်။ အမှန်မှာ ထို အနီး တဝိုက်၌ ရေထဲသို့ ကျစရာ အကြောင်း မရှိသော် လည်း ကျွန်တော့် ဖခင် မီးပုံးပျံ စီးသည့် အခါ ဆောင်ယူ သွားလေ့ ရှိပုံကို သိမြင်ကြ စေရန် သဏ္တာန် လုပ်ပြ ခြင်း ဖြစ်ပေသည်။ (ကျွန်တော့် ဖခင် စီးစဉ်က သဲအိတ်များ နှင့် ကြိုးခွေ မပါ ပေ။)
နောက် ၃မိနစ်ခန့်အကြာတွင်အားလုံး အသင့် ဖြစ်ကြ သော အခါ ကျွန်တော်က မှိုင်းထိုး နေသူ အား အချက် ပြလိုက် သည်။ ထို အခါ မှိုင်းထိုးနေ သူက ရေနံ ရိုးရိုး နှစ်ခွက် သုံးခွက် ဆင့်၍ လောင်းထည့် ပေး လိုက်ရာ မှိုင်းပုံး အဝမှနေ၍ မီးပုံးပျံ အတွင်း သို့ မီးစွယ်ကြီး တစ်ခု တိုးဝင်သွား ပြီး လျှင် အားရှိ ပါးရှိ ရုန်းကန် လျှက် ရှိသော မီးပုံးပျံ ကို ထပ်ဆင့် တွန်းအား ပေးလိုက် လေသည်။
ကျွန်တော်သည် ဒူးကို အနည်းငယ် ကွေးညွှတ်ချ လိုက် ပြီး ပါးစပ် မှ "လွှတ်" ဟုအော်၍ အချက်ပေး လိုက်သည် နှင့် တပြိုင် နက် ခေါက်တုပ် ကြိုး အရှင် ကိုင်ထား သူများက မိမိ တို့ ကြိုးစ များကို ပြိုင်တူ ဆွဲဖြုတ် လိုက် ကြသည်။ မီးပုံးပျံ လည်း တဟုန်ထိုး တက်သွား တော့ သည်။ ကျွန်တော်သည် ရှေ့နားတွင် ခွေထားရာ မှ မီးပုံးပျံ နောက် လိုက်ပါ သွားသော ကြိုးကို အာရုံစိုက် ကြည့် နေပြီး ကြိုးတင်း လုသည် နှင့် တပြိုင်နက် တအားခုန်ကာ ဘားတန်းကို ဆွဲ၍ လိုက်သွား ရသည်။ ဒိုးပတ် သံ နှင့်အတူ ပရိတ် သတ် လက်ခုပ်သြဘာ သံများမှာ တကွင်းလုံး လျှံ သွားတော့ သည်။
ကျွန်တော်သည် နိုင်ငံတော် အလံကို ဝှေ့ယမ်း ပြယင်း အောက် ဘားတန်း ပေါ်တွင် ရပ်လျှက် လိုက်ပါသွား သည်။ မီးပုံးပျံ တက်သွားသော အခါ ဖခင် နည်းတူ အပေါ်ဘားတန်း ပေါ်၌ နောက်ဂျွမ်း ပစ်၍ လိုက်သွားရန် စိတ်ကူး ထားသည်။ သို့သော် တကယ်တမ်း တက်သွား သော အခါ မီးပုံးပျံ ဆွဲဆောင်ရာ ရိပ်ကနဲ ရိပ်ကနဲ လိုက်ပါသွားရ သည်ကို ပီတိ ဖြစ်နေသည် တစ်ကြောင်း၊ တစ်မြို့လုံး ကို အပေါ်မှ ကြည့် ကောင်းကောင်း ဖြင့် ကြည့်နေမိ၍ တစ်ကြောင်း ဂျွမ်းပစ် ဖို့ပင် မေ့နေမိ တော့ သည်။ နောက်သတိ ရသော အခါ မီးပုံးပျံ မှာ အမြင့် ဆုံးသို့ ရောက်လု ၍ နေပြီ။ သို့ရာ တွင် ဘားတန်း ပေါ်၌ နောက်ဂျွမ်း တစ်ပတ်မျှ ပစ် လိုက် ပြီး ဘားတန်း ကို ခြေ ဖြင့် ချိတ်၍ နေလိုက်သည်။ ထို အမြင့်၌ ကျွန်တော် ရုတ္တရက် လှုပ်ရှား သွားသည် ကို မြင်လိုက် ရသော ပရိတ် သတ် အချို့က ကျွန်တော် ပြုတ်များ ကျလေ သလောဟု စိတ်ပူ မိ သွား သေးကြောင်း နောင်တွင် သိရ သည်။
မီးပုံးပျံသည်တက်သည့်နေရာမှ လေဆောင်ရာ တောင် ဘက်သို့ တရွေ့ရွေ့ လိုက်ပါ သွားသည်။ အမြင့်ဆုံး နေရာ သို့ ရောက်၍ မီးပုံးပျံ ငြိမ် သွား သော အခါ ကျွန်တော်သည် ညီ ဦးကျော် ဆန်း ရှိရာ သို့ အလံကိုလှုပ်ခါ ၍ အချက်ပြ လိုက်သည်။ ပြီးနောက် အသင့် ယူဆောင် သွားသော မောင်းပြန် မောင်းချ ဓားဖြင့် သဲအိတ် တစ်လုံးကို ဖြုတ်ချ လိုက်သည်။ ကျွန်တော့ ညီကအိတ် ကျစဉ် မြေပြင်ပေါ် ရောက်သည် အထိ ကြာ သော အချိန်ကို စကင်း နာရီ ခေါ် ချိန်မှတ် နာရီ ဖြင့် မှတ်သား လိုက် သည်။ ထို အချိန်မှာ ၈ စက္ကန့် ကြာသဖြင့် မီးပုံးပျံ အမြင့်ဆုံး ရောက်သည့် အမြင့် မှာ ပေ ၁၀၀၀ ကျော်ရှိ ကြောင်း တွက်ချက် ရရှိ သည်။
မီးပုံးပျံ တက်မည်ဆဲဆဲ ၌ နတ်တလင်း ဘူတာသို့ ပြည်ရထား ဝင်လာ နေသည်။ သို့ရာတွင် မီးရထား လမ်း တလျှောက်၌ ပရိတ်သတ် ပြည့်ကြပ် လျှက် ရှိသော ကြောင့် ဘူတာ သို့ မဝင်နိုင်ပဲ လမ်း ခွတ်လပ်တွင် ရပ်ထား လိုက်ရ သည်။ ထို့ကြောင့် မီးရထား ဖြင့် လိုက်ပါ လာကြ သူများ လည်း ကျွန်တော် မီးပုံးပျံ စီးပြ သည်ကို မြင်တွေ့ သွားကြ သည်။
မီးပုံးပျံသည် တဖြည်းဖြည်း ကျစ ပြုလာရာ ကျွန်တော်သည် အကျ နှေး စေရန် သဲအိတ်များ ကို တစ်အိတ် ပြီး တစ်အိတ် ဖြုတ်ချ လိုက်သည်။ မီးပုံး ပျံ ကျရာ နောက်သို့ လူ အချို့ ပြေး လိုက် လာနေ သည်ကို အပေါ်မှ မြင်နေ ရသည်။ မီးပုံးပျံသည် စတက်သည့် နေရာ မှသုံး ဖာလုံ ခန့်အကွာ လယ်ကွင်း ထဲသို့ တဖြည်းဖြည်းပင် ပြန်ကျ လာသည်။ မြေကြီးပေါ် အရောက်တွင် သံဘားတန်း ကို ကျွန်တော် လက်လွှတ် လိုက်သည်။ မီးပုံး ပျံမှာ ထုံးစံ အတိုင်း မြေကြီးနှင့်ဆောင့် ပြီးနောက် ထန်း နှစ်ဖျား သုံး ဖျား ခန့် ပြန် တက်သွား သေးသည်။ မီးပုံးပျံ စတက်သည့် အချိန်မှ ပြန်ကျ သည့် အချိန်အထိ ၁၃ မိနစ် ခန့် ကြာသည်။
လူတစ်ရပ်ခန့် မြင့်သော စပါးပင် များကြား ကျွန်တော် မြုတ် နေသော ကြောင့် ကျွန်တော့် နောက်သို့ လိုက်လာ သူများ ကျွန်တော့်ကို ရုတ္တရက် ရှာ မတွေ့ပဲ ဖြစ်နေ ကြသည်။ ကျွန်တော် အသံ ပြု လိုက်မှ ကျွန်တော် ရှိရာ သို့ အပြေး လာကြ ပြီးလျှင် ကျွန်တော် တား နေသည့်ကြားမှ ကျွန်တော့်ကို ပုခုံးပေါ် အတင်း ထမ်းပြီး ခေါ်ဆောင် လာကြ သည်။ မူလ ကွင်းထဲ သို့ ပြန်ရောက် သော အခါ ပရိတ် သတ် က "အောင် ပြီ။ အောင် ပြီ။" ဟု ဝမ်းပမ်း တသာ ကြွေးကြော် ကြိုဆို ကြ၍ ကျွန်တော် ကလည်း "အောင် ပြီအောင် ပြီ" ဟု ကြွေးကြော် ရင်း လိုက်ပါ လာ သည်။ ဝမ်းသာ အားရ ပြောကြဆိုကြ ပြီးနောက် ကျွန်တော်တို့ မိသားစု ကို ဂျစ်ကား ဖြင့်တင်ကာ မြို့ တစ်ပတ် လှည့် လိုက် ကြသေး သည်။
နောက်နေ့ နိုဝင်ဘာ ၃ ရက်နေ့တွင် နတ် တလင်း ပြည်သူ့ဆေးရုံ သစ်ကြီး ဖွင့်ပွဲ နှင့် ကြုံကြိုက် လျှက် ရှိရာ ကျွန်တော်ကို ဧည့်ခံ မဏ္တတ် အတွင်း၌ သာယာ ဝတီ အရေးပိုင် မစ္စတာ မက်သယူး နှင့် အခြား ဂုဏ် သရေရှိ လူကြီး များ ရှေ့မှောက်၌ မီးပုံးပျံ ပုံ ပါသော ရွှေတံဆိပ် ဖြင့် ချီး မြှင့် ဂုဏ်ပြု ကြသည်။ တန်ဆောင် တိုင် ကော်မတီ နှင့် သက်ဆိုင်ရာ ပုဂ္ဂိုလ် များက (နောက် နေ့ဟု ထင် သည်) ကျွန်တော့်ကို လက်ဖက်ရည် ပွဲ ဖြင့် ဂုဏ်ပြု ချီးကျူး ကြသည်။ ထိုဂုဏ်ပြု ပွဲ၌ ရန်ကုန် မြို့ ပညာ အလင်းပြ ပုံနှိပ် တိုက် ပိုင်ရှင် ဦးဖြိုးက နတ်တလင်း နှင့် ဦးကျော် လင်း "လင်း နှင့် လင်း" တိုက်နေ သဖြင့် မုချ အောင်ရ မည်ဟု တွက်ပြီး ဖြစ်ကြောင်း ပြောပြီးနောက် ကျွန်တော့် အား "နောက် နှစ်ခါ တန်ဆောင် မုန်း၊ စီးလှည့် ပါ အုံး" ဟု ဖိတ်မန္တက ပြု လိုက်သေး သည်ကို ကျွန်တော် ကြားယောင် နေမိ သေးသည်။ ကျွန်တော့် အနေဖြင့် မူ ဖခင်ကို တုရာ ကျမည် စိုး၍ လည်း တစ်ကြောင်း ကြောင့် နောက်ထပ် စီးပြဖို့ မကြိုးစား ခဲ့ပေ။
ကျွန်တော်တို့ နတ်တလင်း မြို့၌ ရှိစဉ် နတ်တလင်း မြို့၏ စည်ကား သော တန် ဆောင်တိုင် ပွဲတော်ကို ကြည့်ရှု ခွင့် ရခဲ့ကြသည်။ ကျွန်တော်တို့ကို ပြည်ရွှေဆံတော် ဘုရား သို့လည်း ဂျစ်ကား ဖြင့် လိုက် ပို့ ပေးကြ သေးသည်။ နတ် တလင်း တွင် ၅ ရက်ခန့် နေပြီး နောက် ကျွန်တော်တို့ ရန်ကုန် ပြန် ခဲ့ကြသည်။ ကျွန်တော်တို့ နတ်တလင်း မြို့၌ ရှိနေစဉ် အတွင်း ကျွန်တော်တို့ အား လိုလေ သေး မရှိအောင် ရင်းနှီးခင်မင်စွာ ပြုစု လိုက်ကြ သော ကျွန်တော့် မိတ်ဆွေ ကြီး များ၏ မေတ္တာ နှင့် စေတနာ ကိုကား ကျွန်တော်တို့ ဘယ်သော အခါမှ မေ့နိုင် တော့ မည် မဟုတ်ပေ။ ယနေ့တိုင် ပြန်လည်မြင်ယောင် နေမိ ပါတော့ သတည်း။
ဦးကျော်လင်း
( မီးပုံးပျံဦးကျော်ရင်၏သား )
=============================
ဆောင်းပါးပြီးစီးရက် ၁၅၊ ၃၊ ၁၉၈၃ ခုနှစ်ဟု မှတ်တမ်း တင်ထား သော ဤ စာစုမှာ ကာယကံရှင်အတွက် သာမက နတ်တလင်း မြို့အတွက်ပါ တန်ဖိုး ကြီးလှသော မှတ်တမ်း တစ်စောင် ဖြစ် ပေသည်။ ထိုခေတ်က နတ်တလင်း အကြောင်း နှောင်း လူတို့ သိခွင့် ရသည်။ ဦးကျော်လင်း တို့ တည်း ခို ခဲ့သော အိမ် ပိုင်ရှင် ပန်းထိမ် ဆရာကြီး ဦးအေးမောင် ဆိုသည်မှာ အစ်ကို လှဖုန်းမြင့်၊  မောင်ပီတိ တို့၏ အဖိုး Maternal Grandpa ဖြစ်သည်။ ထို အချိန်က သာယာ ဝတီ အရေး ပိုင် မှာ အင်္ဂလိပ် လူမျိုး ဖြစ်ကြောင်း လည်း သိခွင့် ရသည်။ မိမိ အနေ နှင့် ကား ငယ်စဉ်က နှစ်ခြိုက်စွာ စောင့် ဖတ် ခဲ့ရသော ရွှေကြာ လစဉ် ဖန်တီးရှင် ကာတွန်း ဆရာကြီး ကဆ ၏ သား (ဦးကျော်ရင် ၏မြေး) အမ်မိုကို ရေနံရှာဖွေရေး တွင် ကြုံဆုံ ခဲ့ဖူး သည့် စီနီယာ ဆာဗေယာ ကြီး ကိုဆန်းဝင်း ကို သာ သတိရ မိ ပါ သတည်း။
( ယောဆရာကြီး )

0 comments:

Post a Comment

Blogger templates

Popular Posts