တာပွန်မြို့ သူရဲကောင်း ဗိုလ်ဂေါင်းကြီး ဗိုဂေါင်းလေး creadit ...ကို တေဇာစိုး





(၁)
တာပွန်မြို့ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်း
***************************
မြန်မာသက္ကရာဇ် ၁၂၁၃ ခု၊ ခရာဇ်သက္ကရာဇ် ၁၈၅၂ ခုနှစ် ပုဂံမင်းလက်ထက်တွင် အင်္ဂလိပ်နယ်ချဲ့အစိုးရနှင့်
မြန်မာမင်းတို့ ဒုတိယအကြိမ် စစ်ပွဲဖြစ်ပွားခဲ့ရာ
မြန်မာမင်းတို့ဘက်မှ အရေးနိမ့်၍ နယ်ချဲ့အင်္ဂလိပ်အစိုးရအား မြန်မာမင်းက ပြည်မြို့အထက်
မြေထဲမြို့(အောင်လံ)နှင့် တောင်ငူမြို့အထိ မြန်မာပြည် အောက်ပိုင်းကို ပေးလိုက်ရသည်။
ဤသို့ အင်္ဂလိပ်နယ်ချဲ့အစိုးရက မြန်မာပြည် အောက်ပိုင်းကို သိမ်းယူနိုင်ခွင့် ရရှိခဲ့သော်လည်း ပြည်ခရိုင်နှင့် သာယာဝတီခရိုင်အပါအဝင် သာယာဝတီ နယ်ကြီးကိုကား တည်တည်ငြိမ်ငြိမ် အုပ်ချုပ်ပိုင်ခွင့် မရခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့၏ တာပွန်မြို့သူကြီး သာယာဝတီနယ်၏ စစ်ခေါင်းဆောင် ဗိုလ်ဂေါင်းကြီး၊ ဗိုလ်ဂေါင်းလေးနှင့် သာယာဝတီနယ်သားများသည် အနိုင်မခံ အရှုံးမပေး သူ့ကျွန်မခံလိုသော စိတ်ဓာတ်ဖြင့် နယ်ချဲ့အင်္ဂလိပ်အစိုးရအား လက်နက်မချပဲ ဆက်လက်၍ ခုခံတိုက်ခိုက် တော်လှန်နေသောကြောင့်တည်း။
နယ်ချဲ့အင်္ဂလိပ်အား တော်လှန်တိုက်ခိုက်နေသော တာပွန်မြို့သူကြီး ဗိုလ်ဂေါင်းကြီးနှင့် သာယာဝတီ နယ်သူနယ်သားများသည် လက်နက်အင်အား မယှဉ်သာသော်လည်း အာဇာနည်သူရဲကောင်း စိတ်ဓာတ်ဖြင့် သာယာဝတီနယ်သားများပီပီ အနိုင်မခံ၊ အရှုံးမပေး၊ ဒူးမထောက်၊ အလံမလှဲပဲ နယ်ချဲ့အင်္ဂလိပ်အား (၈)နှစ်တိုင်တိုင် ခုခံတိုက်ခိုက်နေသဖြင့် အင်္ဂလိပ်အစိုးရသည် အေးအေးချမ်းချမ်း အုပ်ချုပ်ခွင့် မရခဲ့ချေ။ ဤသို့ရှိနေစဉ် ခရာဇ်သက္ကရာဇ် ၁၈၆၀ ခုနှစ်တွင် မြန်မာပိုင်နှင့် အင်္ဂလိပ်ပိုင် နယ်မြေကို ကူးသန်းနေခိုက် အမိန့်ကို မနာခံဟုဆိုကာ မြန်မာမင်း၏ နယ်ခြားစောင့် စစ်တပ်မှ ဗိုလ်ဂေါင်းကြီးအား ပစ်သတ်လိုက်သည်။ ထို့ကြောင့် ကျွန်ုပ်တို့ သာယာဝတီခရိုင်၊ တာပွန်မြို့သား စစ်ခေါင်းဆောင် အာဇာနည် မျိုးချစ် သူရဲကောင်း ဗိုလ်ဂေါင်းကြီးသည် ကျဆုံးသွားခဲ့ရလေသည်။

မဟာရာဇ၀င်တော်ကြီး ရေးသူ - ဦးကုလား

မဟာရာဇ၀င်တော်ကြီး
ရေးသူ - ဦးကုလား

ဦးအောင်သိန်း-ပျူနှင့်ပျူကျောက်စာများ.pdf

ဦးအောင်သိန်း-ပျူနှင့်ပျူကျောက်စာများ.pdf

ဆရာကြီးဦးအောင်သင်းရဲ့ တကယ့်ကိုတန်ဖိုးရှိလှတဲ့ စာအုပ်တွေ





ဆရာကြီးဦးအောင်သင်းရဲ့ တကယ့်ကိုတန်ဖိုးရှိလှတဲ့ စာအုပ်တွေနဲ့ စာပေဟောပြောပွဲတွေကိုနားထောင် ချင်တဲ့သူငယ်ချင်းများအတွက် တင်ပေးလိုက်ပါတယ်ဗျာ။ နာမည်ကြီးခဲ့တဲ့ စာအုပ် ၁၇အုပ် နှင့် ။ FB ပေါ်ကနေတွေ့ထားလို့ ကူးယူမျှဝေပေးတာဖြစ်ပါတယ်ဗျာ။ မူရင်း Post တင်တဲ့သူကို Credit ပေးပါတယ်ဗျာ။ စာအုပ်တစ်အုပ်ချင်းစီ ကိုအောက်မှာ ဒေါင်းယူသွားနိုင်ပါတယ်ဗျာ။

နတ်တလင်းမြို့၏ ပညာဘဏ်တိုက်



နတ်တလင်းမြို့၏ ပညာဘဏ်တိုက် (၁)
===========================
နတ်တလင်းမြို့စတင်တည်ထောင်ကာစ ၁၉၁၅ ခုနှစ်တွင် မြို့ပေါ်၌ ဗုဒ္ဓ ဘာသာ အင်္ဂလိပ် မြန်မာ အလယ်တန်း ကျောင်း တစ်ကျောင်း ကိုယ်ထူ ကိုယ်ထ စတင် ဖွင့် လှစ်သည်။ ယခု မြို့မ အထက်တန်း ကျောင်း၏ အလယ် သစ်သား ကျောင်း ဆောင် ဖြစ်ပါ သည်။ အစိုးရ အသိအမှတ် မပြု သေး သဖြင့် မြို့ပေါ် မှ ပညာ တတ် လူငယ်များ အခ ကြေးငွေ မယူပဲ စေတနာ့ ဝန်ထမ်း ကူညီ သင်ကြား ကြသည်။ ၎င်း စေ တနာ ဆရာ များမှာ ဆရာဖြိုး (ပ ညာ အလင်း ပြ)၊ ဦးတင်၊ ဦးဘမော် (ယခု NLD အမတ် ဦးခင်အေး ၏ အဖိုး)၊ ဦးစော ဟုတ် ချောင် (မြို့ မ ကျောင်း၏ ပထမ ဆုံး ကျောင်း အုပ်) စသူတို့ ဖြစ်ကြသည်။
ဆရာဦးစောဟုတ်ချောင်၏အိမ်(ယ ခု ခိုင်သီတာ လက်ဖက် ရည်ဆိုင်) တွင် ၎င်းတို့သည် စာအုပ်များ ဝယ်ယူ စုစောင်း ၍ စာဖတ်ခန်း တစ်ခု လည်း ဖွင့် လှစ် ထား ကြ၏။ စာဖတ်သူ များ များပြား လာသော အခါ ၎င်း လူငယ် ၄ ယောက် ကပင် ဦးဆောင်၍ "ဗုဒ္ဓ ဘာသာ ယုဝ သမဂ္ဂ စာဖတ် အသင်း" ဟု ဖွဲ့စည်း တည်ထောင် သည်။ အသင်း ဝင်ကြေး တစ်မတ် ဖြစ်၍ လစဉ် ကြေး ၅ မူး ဖြစ်သည်။

နတ်တလင်း



မြန်မာနိုင်ငံတွင် ပထမဆုံး ရန်ကုန်-ပြည် မီးရထားလမ်းကို ၁၈၇၇ ခုနှစ် မေလ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး မီးရထားလမ်းတစ်လျှောက် ကျေးရွာများသည် မြို့အဖြစ် စတင်စည်ကားလာရာ နတ်တလင်းမြို့သည် တစ်ခုအပါအ၀င်ဖြစ်သည်။
ယခင်က အင်္ဂလိပ်အစိုးရရုံးစိုက်ရာ တာပွန်မြို့မှ နတ်တလင်းမြို့သို့ပြောင်းရွှေ့ခဲ့ပါသည်။
နတ်တလင်းမြို့သည် သမိုင်းဝင်ဖြစ်ရပ်များစွာ၊ သမိုင်းအမွေအနှစ်များစွာ ပြည့်နှက်နေပါသည်။
- ဘိုးသာအောင်ကုန်း တိုက်ပွဲတွင် ဗိုလ်မှူးအေးချိုမှ ပထမဆုံး အောင်ဆန်းသူရိယဘွဲ့ရရှိရာ-
- ရဲဘ်ာသုံးကျိက်ဝင် ဗိုလ်မြင့်အောင် ရုတ်တရက်ဆုံးပါး၍ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် နတ်တလင်းသုသာန်သို့ ပို့ဆောင်င်္သဂြိုလ် ပေးဖူးရာ-

ဗိုလ်ချုပ်အောင်ဆန်း နတ်တလင်းမြို့ရောက်ခဲ့စဉ်


 

ဗိုလ်ချုပ်အောင်ဆန်း နတ်တလင်းမြို့ရောက်ခဲ့စဉ် . .
(ဗိုလ်ချုပ်၏အပါးတော်မြဲဗိုလ်ထွန်းလှ(ခ)တက္ကသိုလ်နေဝင်းရေးသည်)
`` ....ရဲဘော်တွေအနေနဲ့ တော်လှန်ရေးကြီး ပြီးတော့မှာဘဲလို့ စိတ်ကို လျှော့ပစ်ဖို့ ပေါ့ပေါ့ဆဆ မနေကြဘို့ပြောချင်တယ်။ ဘာကြောင့်လဲဆိုတော့ ဗမာ့တော်လှန်ရေးဟာ မပြီးသေးဘူး၊ ဒီတော့ဗမာ့လွတ်လပ်ရေးမရမချင်း ဆက်တိုက်ရအုံးမယ်၊ နောက်ထပ်မင်းတို့ငါတို့ ရဲဘော်တွေဟာ ဆင်းရဲပင်ပန်းခံပြီး လွတ်လပ်ရေး ကို တိုက်ယူရအုံးမယ်။ ဒါကြောင့် မင်းတို့ရဲဘော်တွေထဲက လူပျိုတွေဆိုရင် အိမ်ထောင်မပြုကြနဲ့အုံးလို့ သတိပေးချင်တယ်။ လုံးဝလွတ်လပ်ရေး ရပြီးတော့မှဘဲ အိမ်ထောင်ပြုဖို့စဉ်းစားကြစေချင်တယ်´´

နှစ်ပေါင်း တစ်ရာ့နှစ်ဆယ်ရှိ သကျမဟာမုနိပုံတူကြေးသွန်းရုပ်ပွားတော်ကြီး









နှစ်ပေါင်း တစ်ရာ့နှစ်ဆယ်ရှိ သကျမဟာမုနိပုံတူကြေးသွန်းရုပ်ပွားတော်ကြီး
================================================
နတ်တလင်းမြို့သည် ပဲခူးတိုင်း အနောက် ခြမ်းဘက်တွင်ပါရှိပြီး
သာယာဝတီခရိုင်အဆုံး၊ ပြည်ခရိုင်အစတွင် တည်ရှိ၏။ အရှေ့ဘက်တွင် ပဲခူးရိုးမ၊ အနောက်ဘက်တွင် ဧရာဝတီ မြစ်တို့ ရှိလေ၏။ ရန်ကုန်မြို့မှ ကား
လမ်း ၁၃၈ မိုင်၊ ရထားလမ်း ၁၂၄ မိုင် ကွာဝေး၏။ ရှေးမြန်မာ မင်းများ
လက်ထက်က အနောက်ဘက် ခုနစ် မိုင်ကွာရှိ တာပွန်မြို့သူကြီး လက်အောက်ခံ နယ်မြေအတွင်းရှိ ကျေးရွာအဆင့်ရှိသော သမန်းကုန်း၊ ဂျင်းယားကုန်း၊
ရွာမ၊ သာစည်၊ ဇီးကုန်းလေး စသည့်ရွာများသာ ရှိလေ၏။ ရွာမရပ်ကွက်
အနီးတွင် သခွတ်ပင်တစ်ပင်နှင့် နတ်စင်တစ်စင်ရှိ၏။ ထိုနတ်စင်ရှေ့တွင် သာယာဝတီမင်းနှင့် ပြည်မင်းတို့ ကြက် တိုက်လေ့ရှိ၏။ ထိုနေရာတွင်
လူသူမရှင်းဘဲ အမြဲပြောင်စင်နေသည့် တလင်းပြင်တစ်ခု ရှိနေ၏။
ထို့ကြောင့် နတ်တို့ ရှင်းလင်းပေးသည့် တလင်းဟု ပြောဆိုရာမှ နတ်တလင်း
ဖြစ်လာ သည်ဟု ပြောဆိုကြကုန်၏။ ၁၈၇၇ ခုနှစ် ရန်ကုန်- ပြည် ရထားလမ်း ဖောက်လုပ်သော အခါ နတ်တလင်းတွင် ဘူတာတစ်ခု ထား ပေး၏။
ကားလမ်း၊ ရထားလမ်းများကြောင့် နတ်တလင်းသည် တစ်စစစည်ကားလာ၏။ နတ်တလင်းသည် တစ်စစစည်ကားလာ သည်နှင့် တာပွန်သည် တဖြည်းဖြည်း မှေးမှိန် လာ၏။ ၁၉ဝ၆- ၁၉ဝ၇ ခုနှစ်များတွင် ရွာမ၊ သာစည်၊ အိုးမြေတွင်း၊
ဇီးကုန်းလေး တို့အား မြို့ကွက်ရိုက်၍ မြို့အဆင့်ဖြင့် အုပ်ချုပ်ရေးသစ်
စတင်ခဲ့၏။ ၁၉ဝ၈ ခုနှစ်မြို့ပိုင်ဦးကြည် လက်ထက်တွင် မြို့ပိုင်ရုံးအား
တာပွန်မှ နတ်တ လင်းမြို့ ပြောင်းရွှေ့ခဲ့ရာမှ မြို့နယ်အဆင့်သို့ တိုးမြှင့်
ခဲ့ကြောင်း မှတ်သားရပြန်၏။

နတ်တလင်းသွေး




®နတ်တလင်းသွေး
®အခါခါရည် မရောက်တိုင်း တ မိပါရဲ့ သာယာဝတီမြောက်ပိုင်းအစဆီက ဘဝတည်ရတဲ့အမြိုက်အခင်းတွေ စံမှီတဲ့အလှနဲ့နတ်တလင်းလေ။
®နှောင်းအတိတ်တွေ ပြန်ကာတွေးမိပြန်တော့ ပြောင်းစိတ်လေ အဖန်တစ်ရာဆွေးမိတယ်လေ့ မကြံသာအရေးနဲ့ဇာတိဆွေးလေ သံသရာဝေးခဲ့ ငါ၏မွေးမြေ ။

®နတ်တလင်းဆိုတာ နတ်တလင်းပါဘဲ မပြတ်သတင်းတွေမွှေးခဲ့တဲ့ဒေသ အတိတ်ကနယ်ချဲ့အပေါင်း ကောင်းကောင်းလက်တုန့်ပြန် ငုံ့မခံခဲ့ပါဖက်ဆစ် ဟစ်အော်အခါခါပင် အာဏာရှင်အလိုမရှိ အာဏာရင်အလိုမရှိဟေ့ဘဝဂ်ထိအသံ "အား" ကြက်သီးများပင် ထ မိပါရဲ့ အဲ့ဒီ့လောက်ထိသွေးရှိနေ မွေးသည့်မြေ၏ဂုဏ်ပုဒ်များ ။
®အကောင်းဘဲကွဲ့ညီညီညာ ပြောင်းလဲသည့်ပြည်မြန်မာ ဒီတခါတော့ဒို့မြေကို ဒို့တတွေပိုင်ခွင့်ရပြီးသား အမှားတစ်သိန်းနဲ့မတရားသိမ်းချင်သူတွေနောက်ဆုတ် မကြောက်အဟုတ် မပြတ်သတင်းမွှေးပါတဲ့ နတ်တလင်းသွေးအလှကို (ရွှေလင်းသားတို့ရယ်) ပြကြစို့လား။

ခင်နှင်းဖြူ

နတ်တလင်းမြို့၏ထူးထူးခြားခြား သမိုင်းတွင် သည့် နေ့တစ်နေ့


နတ်တလင်းမြို့၏ထူးထူးခြားခြား သမိုင်းတွင် သည့် နေ့တစ်နေ့
============================
ဦးကျော်လင်းရေးသည်။
============================
၁၉၆၀ ပြည့်နှစ်သည်နတ်တလင်းမြို့ အတွက် အလွန်ထူး ခြားသော နှစ်ဖြစ် သည်။ ထိုနှစ်တွင် နတ်တလင်း မြို့၌ နှစ်စဉ်ကျင်းပမြဲ ဖြစ်သော တန်ဆောင်တိုင် ပွဲတော်ကို နေ့ပွဲ ညည့်ပွဲ အစုံအလင် ဖြင့် ခြိမ့်ခြိမ့်သဲမျှ စည်ကား သိုက်မြိုက်စွာ ကျင်းပသည်။ ထို တန်ဆောင် တိုင်ပွဲ တော်မှာ သုံး နှစ်မှ တစ်ကြိမ် ကျင်းပ လေ့ရှိသော မြတ်ဗုဒ္ဓ ဓာတ်တော်နှင့် စွယ်တော် လှည့် လည် ပူဇော်ခံပွဲနှင့် လာရောက် တိုက်ဆိုင်သည်။ထိုနှစ်တန် ဆောင်တိုင် မှာပင် နတ်တလင်း မြို့နယ် လူထု တစ်ရပ်လုံး ၏ အလှူငွေ များဖြင့် တည်ဆောက်သော ပြည်သူ့ ဆေးရုံ သစ်ကြီးကို အခမ်း အနား နှင့် ဖွင့် လှစ်သည်။ ထိုမျှ ထူးခြား သောနှစ်တွင် ကျွန်တော့် အနေနှင့် နတ်တ လင်းမြို့၌ မီးပုံးပျံ စီးပြခွင့် ရခဲ့ သည် မှာ ကျွန်တော့် အဖို့ အလွန် ကံထူး သည် ဆိုရ ပေမည်။

ကာဖြူးအမိန့်ကိုအာခံကြခြင်း

ကာဖြူးအမိန့်ကိုအာခံကြခြင်း
===================
မဝတရုံးနားတွင်ကပ်နေသော လုပ်သား ကဖီးသည် နတ်တလင်းမြို့၏ သမိုင်းဝင် နေရာ ဖြစ်သည်။ စစ်အာဏာရှင် စနစ်ကို တိုက်ဖျက်ခဲ့ သူတိုင်း သွားရောက် အလေးပြု အပ်သော ဗိမ္မာန် သဖွယ် လည်း ဖြစ်သည်။ ထို လက်ဖက်ရည် ဆိုင်မှ နေ၍ ယခု အခါ ခေတ်ဆိုး စနစ် ဆိုးကြောင့် တကွဲ တပြား စီ ဖြစ်နေ ရရှာ ပြီဖြစ်သော တိုက်ပွဲ ဝင် ရဲဘော် သုံးယောက် စစ်အာ ဏာရှင် စနစ်၏ ကာဖြူး အမိန့်ကို ရဲဝံ့စွာ ဆန့် ကျင် ခဲ့ကြ ဖူးသည်။

နတ်တလင်းမြို့ရဲ့ပထမဦးဆုံးသော ဘာသာစုံ ဂုဏ်ထူးရှင် မခင်စောနွယ်

နတ်တလင်းမြို့ရဲ့ပထမဦးဆုံးသော ဘာသာစုံ ဂုဏ်ထူးရှင် မခင်စောနွယ်။ မြို့မ အထက ကပါတဲ့ ခင်ဗျား။



နတ်တလင်း အထက






အခုခေတ်နတ်တလင်း အထကကျောင်းသား ကျောင်းသူ တွေ အချို့ဆို စက်ဘီး နဲ့တောင် ကျောင်းတက်ရတာ မောသတဲ့။ အဲဒါမြို့ ထဲက သူတွေကို ပြောတာ။ ရွာဘက်က သူတွေဆို ဆိုင်ကယ် ကလေးနဲ့ မှ ကျောင်းလာ ချင်ကြတာ။
လွန်ခဲ့တဲ့ ၃၅ နှစ်၊ ကိုယ်တွေ အထက်တန်း ကျောင်းသား ဘဝကဆို အိမ်နဲ့ ကျောင်း ခြေလျင် ပဲလေ။ နေ့ခင်း ထမင်းစား တောင် ပြန်ကြ သေး။ စာတော် လွန်းလို့ ငွေရတု အထိမ်းအမှတ် ပို့စကပ် ထဲမှာ တောင် ဖော်ပြ ခြင်း ခံရတဲ့ ဒီ ကျောင်းသူ ဆို ကြခတ် ဝါးရုံ ရွာကဗျ။ ၄ မိုင်လောက် ဝေးတဲ့ ကျောင်းကို မနက် ခြေ လျင်လာတယ်။ ညနေကျ ပြန်ရော။ သူတို့ အဖွဲ့က လူအများ ကြီး။ ၁၀ ယောက်ကျော် မယ်။ ခုထိ မှတ်မိတယ်။
အင်း
အခုတော့ ရန်ကုန်က ဘယ်ဆေးရုံမှာ ဆိုလဲ အထူးကု ဆရာဝန်ကြီး ဖြစ်နေ ပြီ။ နာမည်တော့ ဆရာဘဲကို မေး။ သူနဲ့သိပ် ခင်တာ။
Photo Credit : Soe Win Than

ယောဆရာကြီး

ဆွေနွယ်ငြိမ်း ( နတ်တလင်း )






ဆွေနွယ်ငြိမ်း ( နတ်တလင်း )
====================
သူထုတ်ခဲ့သည့်ကဗျာစာအုပ်ကလေးထဲက ဒီကဗျာ ကလေး ကို နတ်တလင်းသူ နတ်တလင်း သား တွေ တော်တော် ကြိုက်ကြ သည်။ ခဏ ခဏ ကိုးကားတာ တွေ့သည်။
စကားလုံး အနုအလှ ကြိုက်သော ဆွေနွယ်ငြိမ်း သည် လူကတော့ အနုအရွ မဟုတ်။ ကြမ်းတမ်း သော ဒီမိုကရေ စီလမ်းပေါ် ရှစ်လေးလုံး ကတည်းက လျှောက် ခဲ့သူ ဖြစ်၏။ လောက တက္ကသိုလ် ကြီးထဲ တွင်လည်း နှစ်အတော် ကြာ နေခဲ့ ဖူးသူ ဖြစ်၏။ ယုံကြည်ချက် ခိုင်မာ ၍ ကြမ်းတမ်း သော လမ်းကို လျှောက်ခဲ့ သူဖြစ် ညားသော် လည်း စကားသံ ကတော့ ဖြော့တော့ သည်။ လေသံတိုး တိုးဖြင့် သူယုံကြည် ရာကို လေးနက် စွာ ပြောသူ။
ဒီမိုကရေစီသမားတို့ နေရာရကြချိန်၌ကား သူ့ကို မတွေ့ရ တော့။ မြို့ပေါ် အလာကြဲ သွားသည်။ ပြီးခဲ့သော အာဇာနည် နေ့ အခမ်း အနားတွင် ကား ပန်းခြံ အတွင်း အုတ်ခုံ ပေါ်ထိုင်ရင်း ဆရာ ဦးခင်အေး တို့နှင့် စကား ကောင်း နေတာ တွေ့ရ သည်။ နှုတ်ဆက် ချင်လို့ နောက် တစ်ခေါက် သွားတော့ မတွေ့ရတော့။
တစ်နေရာတွင် တိတ်ဆိတ်စွာထိုင်ရင်း သူတစိတ် တပိုင်း အနစ်နာ ခံခဲ့ဖူးသော အရေးတော်ပုံ ကြီး၏ အောင်မြင် လာသော အသီး အပွင့်တို့ကို ဆိတ်ငြိမ်စွာ ကြည့်ရှု ကြည်နူး ရင်း သူနေထိုင်ရာ ကျေးရွာ သို့ ထုံးစံ အတိုင်း တိတ်တိတ် ပြန်သွားတာ ဖြစ်မည်။


 ယောဆရာကြီး

နတ်တလင်း











နတ်တလင်းမြေ

သာစွဌာနေ နတ်တလင်းမြေ အမြဲစည်ပင်ဝေ ။
ရန်ကုန်ပြည်ရဲ့လမ်းထက်မှာ နတ်တလင်းမြေ ထင်ကျော်ကြား ရိုကျိုးမနောစိတ်ထား ။
နယ်မြေတလွှားအေးချမ်းသာ သဘာဝအလှများစွာ စိမ်းလန်းစိုပြေ လယ်တောမြေ ဝသန်ဟေမာန်ရောက်ရင်လေ ။
ဘုရားကျောင်းကန် ဆည်းလည်းသံ သောင်းလျှံချိုမြ နားသောတ ။
စပါးသီးနှံ ပေါပြည့်လျှံ ဝမ်းစာကြွယ်သမို့ဝမ်းသာရတယ် ။
ပဲဝါနှမ်းပြောင်း အထွက်ကောင်း စီးပွားကြွယ်သမို့ ကြီးပွားကြတယ် ။
လုပ်ငန်းသွက်လက် တန် ၁၀၀ ဆန်စက် ကုန်ထွက်မြင့်မားလို့ဝင့်ကြွားထည်တယ် ။
တရွာစီကျောင်း ပညာကောင်း ခေါင်းလောင်းသံလွင်တယ် ဥာဏ်အမြင်ကျယ် ။
အမြင်မှာသစ်လွင်စိမ်းလန်းလို့ ရွှေရင်မှာငြိမ်းချမ်းချင်တယ်ဆိုရင် နတ်တလင်းမြို့ရဲ့တန်ဆောင်တိုင်ပွဲ အတူနွှဲရအောင် အဝေးရောက်နတ်တလင်းသူနတ်တလင်းသားများအားလုံးကို ဖိတ်ခေါ်ပါရစေနော်~~~~~~~~~~~~~

မခင်နှင်ဖြူ

ဦးအုန်းဂျော်နဲ့ ဗိုလ်ချုပ်အေဘယ်လ်








ဦးအုန်းဂျော်နဲ့ ဗိုလ်ချုပ်အေဘယ်လ်
=========================
ဦးအုန်းဂျော်ကနတ်တလင်းသားပါ။ ဗိုလ်ချုပ်လမ်းနဲ့ ရုံးလမ်းထောင့်က သူ့အိမ်ပါ။ ငယ်ငယ် ကတည်းက အင်္ဂလိပ်စာ အရမ်း ကြိုးစား တဲ့ ကျောင်းသား အဖြစ် ထင်ရှား ပါတယ်။ နတ်တ လင်း အထက မှာ ကျောင်းဆရာ လုပ်ဖူး ပါတယ်။ နောက်မှ ပေါင်းတည်သား နိုင်ငံခြား ရေးဝန်ကြီး ဦးသီဟန် ကျေးဇူးနဲ့ နိုင်ငံ ခြားရေး ရုံးကို ရောက်ပါ တယ်။ နိုင်ငံခြားရေး ဝန်ကြီးဌာန မှာ အောက်ခြေ ဝန်ထမ်း ကနေ ဝန်ကြီး အထိ တက်ဖြစ်တဲ့ တစ်ဦး တည်း သော ပုဂ္ဂိုလ်ပါ။ အခုတော့ နတ်တလင်း အသင်း နာယက ကြီးပေါ့။ သူအငြိမ်းစား ယူပြီးမှ ကိစ္စ တစ်ခု နဲ့ သူ့အိမ်ရောက်ဖူး ပါတယ်။ အိမ်နောက် ဖေးမှာ စာကြည့်တိုက် ဆောင် သတ်သတ် လုပ်ထား တာ တွေ့ရတယ်။ သူ့ဇနီးက ဝန်ကြီး ဟောင်း ဦးထွန်းဝင်း သမီး ကွန်ဗင့် ကျောင်း ထွက် ဖြစ်လို့ သူ့ထက် အင်္ဂလိပ်စာ ပို ကောင်းမယ် ထင်ရပါ တယ်။ သူတို့ ချင်း အင်္ဂလိပ်လိုပဲ ပြောကြတာ များတယ်။

ရန်ကုန်ရောက်နတ်တလင်းအသင်း






ရန်ကုန်ရောက်နတ်တလင်းအသင်း
========================
အခုခေတ်နတ်တလင်းသားတွေကိုယ့်မြို့သမိုင်း ကြောင်း ကောင်းကောင်း မသိကြလေ တော့ လေးစား ရမယ့်သူ ညွတ်တွားရမယ့် သူ ဦးညွှတ်ရ မယ့်သူ ရယ်လို့ လည်း အမှတ်အသား မရှိ၊ စိတ်ထင်ရာ စိုင်းကြ ရင်ဖြင့် ရေရှည် ကောင်းကျိုး မရှိနိုင် တာ ကြောင့် အတိတ် သမိုင်းက ယခုဆို အနှစ် ၆၀ ရှိပြီ ဖြစ်တဲ့ အထင်ကရ ရန်ကုန် ရောက် နတ်တလင်း အသင်း အကြောင်း အနည်းငယ် ဖေါ်ပြ လိုသဗျာ။
နတ်တလင်းအသင်းရဲ့အစက ရန်ကုန်တက္ကသိုလ် ရောက် ကျောင်းသား များစတင်တည် ထောင်တဲ့ သာယာ ဝတီ ခရိုင် အသင်း ပါပဲ။ ၁၉၅၁ ခုနှစ်မှာ သာယာ ဝတီခရိုင်ထဲ က ကျောင်းသား တွေနဲ့ ထူထောင် ပါတယ်။ အသင်း ဥက္ကဋ္ဌ က နတ်တလင်း သား ဦးအေးပါ။ နောက်တော့ ပညာ မင်းကြီး ဦးအေး လို့ထင် ရှားပါတယ်။ အဲဒီ အသင်း ပေါ်လာ ပြီးနောက်မှ အကြံ ရကြပြီး နတ်တလင်း အသင်း ထောင်ပါ တယ်။ အသင်း ထောင်ဖို့ စတင် စိတ်ကူး ရသူဟာ ပညာ အလင်းပြ ပုံနှိပ်တိုက် ပိုင်ရှင် ဦးဖြိုး ဖြစ်ပါတယ်။ အသင်း တည်ထောင်တဲ့ နေ့က မြန်မာ နိုင်ငံ လွတ်လပ်ရေး ရပြီး ၈ နှစ်အကြာ ၁၉၅၆ ခုနှစ် မတ်လ ၁၆ ရက်နေ့ပါ။ နေရာကတော့ အမှတ် ၁၃၀ ဗိုလ်ချုပ်လမ်း ရန်ကုန်လို့ အမှတ် အသား ရှိပါတယ်။ ပညာ အလင်းပြ ပုံနှိပ်တိုက် မှာ ဖြစ်ပါ တယ်။

Blogger templates

Popular Posts