တာပွန်မြို့ သူရဲကောင်း ဗိုလ်ဂေါင်းကြီး ဗိုဂေါင်းလေး creadit ...ကို တေဇာစိုး





(၁)
တာပွန်မြို့ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်း
***************************
မြန်မာသက္ကရာဇ် ၁၂၁၃ ခု၊ ခရာဇ်သက္ကရာဇ် ၁၈၅၂ ခုနှစ် ပုဂံမင်းလက်ထက်တွင် အင်္ဂလိပ်နယ်ချဲ့အစိုးရနှင့်
မြန်မာမင်းတို့ ဒုတိယအကြိမ် စစ်ပွဲဖြစ်ပွားခဲ့ရာ
မြန်မာမင်းတို့ဘက်မှ အရေးနိမ့်၍ နယ်ချဲ့အင်္ဂလိပ်အစိုးရအား မြန်မာမင်းက ပြည်မြို့အထက်
မြေထဲမြို့(အောင်လံ)နှင့် တောင်ငူမြို့အထိ မြန်မာပြည် အောက်ပိုင်းကို ပေးလိုက်ရသည်။
ဤသို့ အင်္ဂလိပ်နယ်ချဲ့အစိုးရက မြန်မာပြည် အောက်ပိုင်းကို သိမ်းယူနိုင်ခွင့် ရရှိခဲ့သော်လည်း ပြည်ခရိုင်နှင့် သာယာဝတီခရိုင်အပါအဝင် သာယာဝတီ နယ်ကြီးကိုကား တည်တည်ငြိမ်ငြိမ် အုပ်ချုပ်ပိုင်ခွင့် မရခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့၏ တာပွန်မြို့သူကြီး သာယာဝတီနယ်၏ စစ်ခေါင်းဆောင် ဗိုလ်ဂေါင်းကြီး၊ ဗိုလ်ဂေါင်းလေးနှင့် သာယာဝတီနယ်သားများသည် အနိုင်မခံ အရှုံးမပေး သူ့ကျွန်မခံလိုသော စိတ်ဓာတ်ဖြင့် နယ်ချဲ့အင်္ဂလိပ်အစိုးရအား လက်နက်မချပဲ ဆက်လက်၍ ခုခံတိုက်ခိုက် တော်လှန်နေသောကြောင့်တည်း။
နယ်ချဲ့အင်္ဂလိပ်အား တော်လှန်တိုက်ခိုက်နေသော တာပွန်မြို့သူကြီး ဗိုလ်ဂေါင်းကြီးနှင့် သာယာဝတီ နယ်သူနယ်သားများသည် လက်နက်အင်အား မယှဉ်သာသော်လည်း အာဇာနည်သူရဲကောင်း စိတ်ဓာတ်ဖြင့် သာယာဝတီနယ်သားများပီပီ အနိုင်မခံ၊ အရှုံးမပေး၊ ဒူးမထောက်၊ အလံမလှဲပဲ နယ်ချဲ့အင်္ဂလိပ်အား (၈)နှစ်တိုင်တိုင် ခုခံတိုက်ခိုက်နေသဖြင့် အင်္ဂလိပ်အစိုးရသည် အေးအေးချမ်းချမ်း အုပ်ချုပ်ခွင့် မရခဲ့ချေ။ ဤသို့ရှိနေစဉ် ခရာဇ်သက္ကရာဇ် ၁၈၆၀ ခုနှစ်တွင် မြန်မာပိုင်နှင့် အင်္ဂလိပ်ပိုင် နယ်မြေကို ကူးသန်းနေခိုက် အမိန့်ကို မနာခံဟုဆိုကာ မြန်မာမင်း၏ နယ်ခြားစောင့် စစ်တပ်မှ ဗိုလ်ဂေါင်းကြီးအား ပစ်သတ်လိုက်သည်။ ထို့ကြောင့် ကျွန်ုပ်တို့ သာယာဝတီခရိုင်၊ တာပွန်မြို့သား စစ်ခေါင်းဆောင် အာဇာနည် မျိုးချစ် သူရဲကောင်း ဗိုလ်ဂေါင်းကြီးသည် ကျဆုံးသွားခဲ့ရလေသည်။

မဟာရာဇ၀င်တော်ကြီး ရေးသူ - ဦးကုလား

မဟာရာဇ၀င်တော်ကြီး
ရေးသူ - ဦးကုလား

ဦးအောင်သိန်း-ပျူနှင့်ပျူကျောက်စာများ.pdf

ဦးအောင်သိန်း-ပျူနှင့်ပျူကျောက်စာများ.pdf

ဆရာကြီးဦးအောင်သင်းရဲ့ တကယ့်ကိုတန်ဖိုးရှိလှတဲ့ စာအုပ်တွေ





ဆရာကြီးဦးအောင်သင်းရဲ့ တကယ့်ကိုတန်ဖိုးရှိလှတဲ့ စာအုပ်တွေနဲ့ စာပေဟောပြောပွဲတွေကိုနားထောင် ချင်တဲ့သူငယ်ချင်းများအတွက် တင်ပေးလိုက်ပါတယ်ဗျာ။ နာမည်ကြီးခဲ့တဲ့ စာအုပ် ၁၇အုပ် နှင့် ။ FB ပေါ်ကနေတွေ့ထားလို့ ကူးယူမျှဝေပေးတာဖြစ်ပါတယ်ဗျာ။ မူရင်း Post တင်တဲ့သူကို Credit ပေးပါတယ်ဗျာ။ စာအုပ်တစ်အုပ်ချင်းစီ ကိုအောက်မှာ ဒေါင်းယူသွားနိုင်ပါတယ်ဗျာ။

နတ်တလင်းမြို့၏ ပညာဘဏ်တိုက်



နတ်တလင်းမြို့၏ ပညာဘဏ်တိုက် (၁)
===========================
နတ်တလင်းမြို့စတင်တည်ထောင်ကာစ ၁၉၁၅ ခုနှစ်တွင် မြို့ပေါ်၌ ဗုဒ္ဓ ဘာသာ အင်္ဂလိပ် မြန်မာ အလယ်တန်း ကျောင်း တစ်ကျောင်း ကိုယ်ထူ ကိုယ်ထ စတင် ဖွင့် လှစ်သည်။ ယခု မြို့မ အထက်တန်း ကျောင်း၏ အလယ် သစ်သား ကျောင်း ဆောင် ဖြစ်ပါ သည်။ အစိုးရ အသိအမှတ် မပြု သေး သဖြင့် မြို့ပေါ် မှ ပညာ တတ် လူငယ်များ အခ ကြေးငွေ မယူပဲ စေတနာ့ ဝန်ထမ်း ကူညီ သင်ကြား ကြသည်။ ၎င်း စေ တနာ ဆရာ များမှာ ဆရာဖြိုး (ပ ညာ အလင်း ပြ)၊ ဦးတင်၊ ဦးဘမော် (ယခု NLD အမတ် ဦးခင်အေး ၏ အဖိုး)၊ ဦးစော ဟုတ် ချောင် (မြို့ မ ကျောင်း၏ ပထမ ဆုံး ကျောင်း အုပ်) စသူတို့ ဖြစ်ကြသည်။
ဆရာဦးစောဟုတ်ချောင်၏အိမ်(ယ ခု ခိုင်သီတာ လက်ဖက် ရည်ဆိုင်) တွင် ၎င်းတို့သည် စာအုပ်များ ဝယ်ယူ စုစောင်း ၍ စာဖတ်ခန်း တစ်ခု လည်း ဖွင့် လှစ် ထား ကြ၏။ စာဖတ်သူ များ များပြား လာသော အခါ ၎င်း လူငယ် ၄ ယောက် ကပင် ဦးဆောင်၍ "ဗုဒ္ဓ ဘာသာ ယုဝ သမဂ္ဂ စာဖတ် အသင်း" ဟု ဖွဲ့စည်း တည်ထောင် သည်။ အသင်း ဝင်ကြေး တစ်မတ် ဖြစ်၍ လစဉ် ကြေး ၅ မူး ဖြစ်သည်။

နတ်တလင်း



မြန်မာနိုင်ငံတွင် ပထမဆုံး ရန်ကုန်-ပြည် မီးရထားလမ်းကို ၁၈၇၇ ခုနှစ် မေလ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး မီးရထားလမ်းတစ်လျှောက် ကျေးရွာများသည် မြို့အဖြစ် စတင်စည်ကားလာရာ နတ်တလင်းမြို့သည် တစ်ခုအပါအ၀င်ဖြစ်သည်။
ယခင်က အင်္ဂလိပ်အစိုးရရုံးစိုက်ရာ တာပွန်မြို့မှ နတ်တလင်းမြို့သို့ပြောင်းရွှေ့ခဲ့ပါသည်။
နတ်တလင်းမြို့သည် သမိုင်းဝင်ဖြစ်ရပ်များစွာ၊ သမိုင်းအမွေအနှစ်များစွာ ပြည့်နှက်နေပါသည်။
- ဘိုးသာအောင်ကုန်း တိုက်ပွဲတွင် ဗိုလ်မှူးအေးချိုမှ ပထမဆုံး အောင်ဆန်းသူရိယဘွဲ့ရရှိရာ-
- ရဲဘ်ာသုံးကျိက်ဝင် ဗိုလ်မြင့်အောင် ရုတ်တရက်ဆုံးပါး၍ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် နတ်တလင်းသုသာန်သို့ ပို့ဆောင်င်္သဂြိုလ် ပေးဖူးရာ-

ဗိုလ်ချုပ်အောင်ဆန်း နတ်တလင်းမြို့ရောက်ခဲ့စဉ်


 

ဗိုလ်ချုပ်အောင်ဆန်း နတ်တလင်းမြို့ရောက်ခဲ့စဉ် . .
(ဗိုလ်ချုပ်၏အပါးတော်မြဲဗိုလ်ထွန်းလှ(ခ)တက္ကသိုလ်နေဝင်းရေးသည်)
`` ....ရဲဘော်တွေအနေနဲ့ တော်လှန်ရေးကြီး ပြီးတော့မှာဘဲလို့ စိတ်ကို လျှော့ပစ်ဖို့ ပေါ့ပေါ့ဆဆ မနေကြဘို့ပြောချင်တယ်။ ဘာကြောင့်လဲဆိုတော့ ဗမာ့တော်လှန်ရေးဟာ မပြီးသေးဘူး၊ ဒီတော့ဗမာ့လွတ်လပ်ရေးမရမချင်း ဆက်တိုက်ရအုံးမယ်၊ နောက်ထပ်မင်းတို့ငါတို့ ရဲဘော်တွေဟာ ဆင်းရဲပင်ပန်းခံပြီး လွတ်လပ်ရေး ကို တိုက်ယူရအုံးမယ်။ ဒါကြောင့် မင်းတို့ရဲဘော်တွေထဲက လူပျိုတွေဆိုရင် အိမ်ထောင်မပြုကြနဲ့အုံးလို့ သတိပေးချင်တယ်။ လုံးဝလွတ်လပ်ရေး ရပြီးတော့မှဘဲ အိမ်ထောင်ပြုဖို့စဉ်းစားကြစေချင်တယ်´´

Blogger templates

Popular Posts